အပိုင်း(၈၅.၂):ထိပ်တန်းလျှို့ဝှက်သတင်း
ရှန်နန်က တုံ့ဆိုင်းသွားပြီးတော့ ပြန်ဖြေလာတာက၊ “သေခြင်းရှင်ခြင်းစာအုပ်က မြေအောက်လောကရဲ့လျှို့ဝှက်မှတ်တမ်းဖြစ်ပြီး၊ ဝင်ရှာပိုင်ခွင့်အမျိုးမျိုးရှိတယ်။ သာမန်သရဲတမန်တော်တွေအတွက်ကတော့၊ သေခြင်းရှင်ခြင်းစာအုပ်ကို သုံးရက်သာကြိုကြည့်ခွင့်ရှာပြီး အချိန်၊ နေရာ၊ နာမည်နဲ့ အခြေခံအချက်လက်တွေကိုသာ မှတ်ယူခွင့်ရှိတာ။”
“တစ်စုံတစ်ယောက်ရဲ့အတိတ်ဘဝအတွေ့ကြုံအကြောင်း ဝင်ရှာချင်တယ်ဆိုရင်၊ ထိပ်တန်းအဆင့်အမိန့်အာဏာရှိရမယ်။ လက်ရှိမှာ၊ ဒီအာဏာရှိတဲ့သူတွေက မြို့စောင့်နတ်တွေရယ်၊ အဖြူအနက်မမြဲခြင်းရယ်၊ နျိူထုန်နဲ့ မာမြန်ပဲ။” ရှန်နန်က စာရင်းပြုပြလာလေတယ်၊ “ကျွန်တော်တာဝန်က သက်ရှိတွေရဲ့ကုသိုလ်နဲ့ အကုသိုလ်တွေကို စုံစမ်းထောက်လှမ်းဖို့ပဲ၊ ဒီတော့ ကျွန်တော်ရထားတဲ့ခွင့်ပြုချက်တွေကလည်း လူတစ်ယောက်ရဲ့အတိတ်ဘဝက ကုသိုလ်နဲ့အကုသိုလ်ကို ရှာဖွေ့တာပဲ၊ တိကျတဲ့ကိစ္စတွေကိုတော့ ကျွန်တော်ဝင်ကြည့်လို့မရနိုင်ဘူး။”
ချန်းယုမျက်နှာပေါ် စိတ်ပျက်လက်ပျက်ဖြစ်နေမှုဆိုတာ ပေါ်ထွက်လာကာ နှုတ်ခမ်းစူလိုက်လေသည်။
“မကူညီနိုင်တဲ့အတွက် ကျွန်တော်တောင်းပန်ပါတယ်။” ရှန်နန်က တောင်းပန်လာလေတော့သည်။
“ဒါရှင့်အမှားမဟုတ်ပါဘူး။ သေခြင်းရှင်ခြင်းစာအုပ်ကိုကြည့်ခိုင်းတာတင် ဥပဒေချိုးဖောက်နေပြီးပြီ။ အရမ်းမျှော်လင့်ထားတဲ့ ကျွန်မအမှားပါ။” ချန်းယုက ခေါင်းခါပြလိုက်လေသည်။ သေခြင်းရှင်ခြင်းစာအုပ်ကနေ သဲလွန်စရှာမယ့်ဆိုတဲ့အတွေးက ပျက်စီးသွားလေပြီ။ ဝိညာဉ်လက်နက်တွေကို ရှာဖွေရမှာက ကောက်ရိုးပုံထဲကအပ်ကိုရှာနေရသလိုမျိုးပဲ။ သူမတတိယအစ်ကို့ကိုယ်က အဲဒီလောက်ခံနိုင်မှာမဟုတ်လေဘူး။
ရှန်နန်ကလည်း သူကူညီဖို့ကျဆုံးတဲ့အတွက် အနည်းငယ်စိတ်ဓာတ်ကျနေလေသည်။ ခဏလောက်တွေးလိုက်ပြီးနောက်၊ ရုတ်တရက်ထပြောလာလိုက်တယ်၊ “ဝိညာဥ်လက်နက်တွေရဲ့တည်နေရာအတိအကျကို ကျွန်တော်တိုက်ရိုက်ကြည့်ပေးလို့မရဘူးဆိုပေမဲ့၊ သူ့အရင်ဘဝမှာ သူနေထိုင်ခဲ့တဲ့တည်နေရာတွေကို ကျွန်တော်ကြည့်ရှုပေးလို့ရတယ်။ ဒီလိုဆို၊ မင်းရှာဖွေရမယ့်အခွင့်အလမ်းတွေက ကျဉ်းမြောင်းလာနိုင်ခြေရှိတယ်။”
STAI LEGGENDO
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Storie d'amoreမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...