အပိုင်း(၈၈.၁):တတိယမြောက်ဝိညာဉ်လက်နက်
ချန်းယုနဲ့ သူမအခန်းဖော်တွေ နေ့လယ်စာအတူတူစားပြီးတဲ့အထိ စောင့်လိုက်ပြီးနောက် ဟဲကျီပေါ်လာပြီး ချန်းယုအား လော့မိသားစုခြံဝန်းအသေးလေးရှိရာဆီ မောင်းခေါ်လာခဲ့လိုက်လေတယ်။
ကားထဲမှာ၊ ချန်းယုက ဟဲကျီအား မေးလာလေတယ်၊ “လက်ထောက်ဟဲ၊ ကျန်တဲ့ဝိညာဉ်လက်နက်နှစ်ခု ဘယ်မှာရှိနေလဲဆိုတဲ့အကြောင်း ရှာတွေ့ပြီလား?”
ချန်းယုက အရင်တုန်းက လော့မင်ကို ဒီလိုညွှန်ကြားခဲ့လေတယ်၊ ဝိညာဉ်လက်နက်တွေအကြောင်း သတင်းရှာတွေ့တိုင်း၊ ဘာကိစ္စပဲရှိနေပါစေ သူမအားအရင်သတင်းပို့ပေးရမယ်ဆိုပြီးတော့ပေါ့။
“ကျွန်တော်မသိဘူး၊ ဒါပေမဲ့ ဝန်ကြီးလော့ကော ဆရာမော်ကောလာလည်ကြတာပဲ၊” ဟဲကျီက ပြန်ဖြေလာခဲ့လေတယ်။
“ဒါဆို သူတို့ရှာတွေ့လောက်ပြီ၊” ဝန်ကြီးလော့ကော ဆရာမော်ကော အတူတူလာလည်ကြတယ်လို့ သူမကြားလိုက်တာနဲ့၊ သူတို့အလည်အပတ်လာတာက ဝိညာဉ်လက်နက်တွေနဲ့ သက်ဆိုင်နေလောက်တယ်လို့ သူမတွက်ချက်ချလိုက်လေတယ်။ သိပ်မကြာခင် လော့မင်ကိုယ်ထဲကမကောင်းမှုဝိညာဉ်ကို ရှင်းပစ်နိုင်တော့မယ်ဆိုတဲ့အတွေးက ချန်းယုကိုယ်ထဲက ဆဲလ်တိုင်းကို ပျော်ပျော်ရွှင်ရွှင်ခုန်ပေါက်လာစေလေတယ်။
ဟဲကျီက နောက်ကြည့်မှန်ကနေလှမ်းကြည့်လိုက်လေတယ်၊ ပျော်ရွှင်နေတဲ့ချန်းယုကိုမြင်လိုက်တော့၊ စားပွဲဝိုင်းမှာ သူ့သခင်လေးချိုးပစ်ခဲ့တဲ့တူတစ်စုံကိုတွေးမိသွားလေတယ်။ ဟဲကျီက ရှေ့ကိုပြောင်းကြည့်လာပြီး ပြောလာလေတယ်၊ “တတိယသခငါလေးအမေနဲ့ မိန်းကလေးချန်းယုတွေ့ပြီးပြီလား?”
“ဟင့်အင်း၊” ချန်းယုက ရိုးရိုးရှင်းရှင်းခေါင်းခါပြလာလေတယ်။ ခဏလောက် စိတ်ထိုင်းမှိုင်းလာပြီးနောက် ပြောလာလေတယ်၊ “တတိယအစ်ကို့အမေက သူ့ဆီလာလည်တာရှားတယ်၊ ဟုတ်တယ်မလား?”
“တကယ်ေတာ့ လော့မိသားစုထဲ ဂရုအစိုက်ပေးဆုံးလူက မဒမ်လော့ပဲ၊ ဒါပေမဲ့၊ လွန်ခဲ့တဲ့နှစ်နှစ်တုန်းက၊ မဒမ်လော့ရဲ့ကျန်းမာရေးက ဆိုးရွားလာခဲ့တယ်။” ဟဲကျီက ပြောလာလေတယ်၊ “သခင်လေးရဲ့ကိုယ်အကြောင်းမင်းလည်သိနေတာပဲ၊ ဒီတော့ ခြံဝန်းလေးဆီ မဒမ်လော့လာတာကို တားမြစ်ခဲ့တယ်၊၊ သူတို့တွေက များသောအားဖြင့် ဖုန်းကနေပဲဆက်သွယ်တတ်ကြတယ်။”
VOCÊ ESTÁ LENDO
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Romanceမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...