အပိုင်း(၈၂.၂):နိုးထလာပြီ
လော့မင်ဘေးတစ်ဖက်ကို ရွေ့လိုက်တာက ညင်သာလှလေတယ်၊ ဒါပေမဲ့ ချန်းယုသတိထားမိလိုက်သေးလေသည်။ သူမမြင်ကွင်းကို ကွယ်နေတဲ့စာအုပ်ကို ဘေးဖယ်လိုက်ပြီး၊ သူမအကြည့်က လော့မင်ရဲ့နက်ရှိုင်းမည်းမှောင်နေတဲ့မျက်လုံးတွေနဲ့ အကြည့်ဆုံသွားလေသည်။ ထို့နောက်မှာတော့၊ သူမတအံ့တဩအော်လိုက်လေတယ်၊ “တတိယအစ်ကို၊ အစ်ကိုနိုးလာပြီပဲ!”
“ကိုယ်နိုးပြီ!” လော့မင် သူ့ပါးစပ်ကိုဖွင့်ပြီး အက်ကွဲနေတဲ့အသံဖြင့် ပြန်ဖြေလာလေသည်။
“တတိယအစ်ကို၊ အစ်ကိုရေဆာနေလား? ညီမရေငှဲ့ပေးမယ်နော်။ မဟုတ်သေးဘူး၊ ညီမ ဆရာဝန်ခေါ်ပေးမယ်နော်။” ချန်းယုပြောကာ၊ သူမလက်ထဲက စာအုပ်ကိုချပြီး အိပ်ခန်းထဲကနေ မြန်မြန်ထွက်သွားလိုက်လေတော့သည်။
ချန်းယုရဲ့စိတ်လှုပ်တရှားဖြစ်နေမှုကိုကြည့်ပြီး၊ လော့မင်မနေနိုင်ဘဲ ပြုံးလိုက်မိလေတယ်။ ချန်းယုကို သူကယ်တင်လိုက်နိုင်တာကြောင့်လား ဒါမှမဟုတ် သူမျက်လုံးဖွင့်ဖွင့်ချင်း ချန်းယုကို မြင်တွေ့လိုက်ရတာကြောင့်လားတော့မသိဘူး၊ အကြောင်းပြချက်မရှိဘဲ သူ့စိတ်တွေကြည်လင်နေလေတော့သည်။
နှစ်ခုလုံးဖြစ်နိုင်တာပဲ။
မကြာမီ၊ လော့မင်အခန်းထဲကို ဆရာမော်၊ ဝန်ကြီးလော့၊ အဘိုးဝူနဲ့ ဆေးအဖွဲ့တို့ စုပြုံရောက်ရှိလာကြလေသည်။ စမ်းသပ်မှုတချို့ပြုလုပ်ပြီး လော့မင်ကိုယ်က လုံးလုံးအဆင်ပြေကြောင်းသေချာအတည်ပြုပြီးနောက်၊ သူတို့အားလုံး အလှည့်ကျထွက်သွားကြပြန်လေသည်။ နောက်တစ်ကြိမ်၊ ချန်းယုတစ်ဦးတည်းသာ အခန်းထဲကျန်ရစ်ခဲ့ပြီး၊ လော့မင်နဲ့အတူ ထမင်းရည်သောက်နေလေတယ်။
“ဒီထမင်းရည်က ဘာအရသာမှမရှိဘူး၊” ချန်းယု နှစ်လုတ်လောက်သာသောက်ပြီး သူမ,မကြိုက်ကြောင်းထုတ်ဖော်ပြောလာလေသည်။
“ဒါဆိုမသောက်နဲ့တော့၊၊ မင်းစားဖို့ ဟဲကျီကိုတစ်ခုခုပြင်ခိုင်းလိုက်မယ်။” လော့မင်ပြောလာလေသည်။
“ဟင့်အင်း၊” ချန်းယုခေါင်းခါယမ်းပြလာလေသည်။
“မင်းမကြိုက်ဘူးလို့ကိုယ်ထင်တာ၊”
YOU ARE READING
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Romanceမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...