အပိုင်း(၃၆.၁):တတိယအစ်ကို၊ ညီမအစ်ကို့ကို အသားယူမိသွားပြီ

2.3K 322 5
                                    

အပိုင်း(၃၆.၁): တတိယအစ်ကို၊ ညီမ အစ်ကို့ကိုအသားယူမိပြီ

ချန်းယု ဈေးဝယ်စင်တာကို ဝင်လာလိုက်တော့၊ အသစ်ဖွင့်ထားတဲ့ ဆံပင်ညှပ်ဆိုင်ကိုရှာတွေ့လိုက်ပြီး လျှောက်ဝင်သွားလိုက်သည်။

“အတန်းဖော်၊ မင်းဆံပင်ညှပ်လိုက်ရအောင်။” ချန်းယုရဲ့‘တမူထူးနေတဲ့’ ပုံစံကိုကြည့်ပြီး မောင်ငယ်လေး နှစ်ခါတွေးမနေဘဲ ကမ်းလှမ်းလိုက်လေသည်။

“အိုကေ။” ချန်းယု မှန်ထဲကြည့်လိုက်ပြီး၊ သူမရဲ့တစ်ဝက်တို တစ်ဝက်ရှည်နေတဲ့ဆံပင်ကိုကိုင်ပြီး ပြတ်ပြတ်သားသားခေါင်းညိတ်လိုက်လေသည်။

“ဒီဆံပင်စတိုင်က အခုတလော ကျောင်းမှာခေတ်စားနေတဲ့စတိုင်လား? တကယ်ထူးခြားတာပဲ။” ချန်းယုနောက်ရပ်ပြီး ကပ်ကြေးကိုင်ထားတဲ့ ဆံပင်ညှပ်သမား မနေနိုင်ဘဲ ချန်းယုကို စနောက်လိုက်လေသည်။

“အို၊ ကျွန်မတမင်သက်သက် ဒီလိုပုံစံမျိုးညှပ်လိုက်တာမဟုတ်ဘူး၊ ကျွန်မဂရုမစိုက်မိလိုက်လေဘူး အဲ့တော့… ဆံပင်တချို့မှားညှပ်မိလိုက်တယ်၊ အဲ့တော့ ဒီလိုပုံစံမျိုးဖြစ်လာတာပဲ။” ကြေးဓားရဲ့ဖြတ်တာခံလိုက်ရတယ်လို့ ချန်းယုမပြောရဲလေဘူး၊ အဲ့တာက သူမဘာသာညှပ်တယ်လို့ ပြောလိုက်တာထက် အခြားသူတွေကို ကြောက်လန့်သွားစေနိုင်လေသည်။

“အံ့ဩစရာမရှိတော့ပါဘူးလေ!” အစတုန်းက စနောက်နေတဲ့ဆံပင်ညှပ်သမား ချန်းယုက တကယ်ကြီး လေးလေးနက်နက်ဖြေနေတာကိုမြင်လိုက်တော့၊ ထပ်မပြောတော့တာ ကောင်းမယ်လို့ တွေးလိုက်မိလေသည်။ ချန်းယုရဲ့ဆံပင်ကို အထက်အောက်ခဏလောက်ကြည့်လိုက်ပြီးနောက် ပြောလိုက်လေတယ်၊ “မင်းဘယ်လိုစတိုင်များလိုချင်လဲ?”

“ငါ့အတွက်ကောင်းမယ်ထင်တာသာ ညှပ်ချလိုက်။” ဆံပင်စတိုင်နဲ့ပတ်သတ်ပြီး ချန်းယုတစ်ခါမှစိတ်မပူဖူးလေဘူး။

“မင်းဘာပုံစံမျိုးမှမလိုချင်ဘူးလို့ ငါ့ကိုမပြောလိုက်နဲ့နော်?”ဆံပင်ညှပ်သမား လေးလေးနက်နက် အကြံပေးလိုက်လေတယ်၊ “မင်းလိုသေးပြီး ချောမွတ်တဲ့မျက်နှာလေးကို ငါကသာမန်ကာလျှံတိုတိုလေး ညှပ်ချပေးလိုက်မယ်ဆိုရင်၊ မင်းကောင်လေးနဲ့ တူသွားမှာပေါ့၊ အာ။”

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】Tahanan ng mga kuwento. Tumuklas ngayon