အပိုင်း(၃၅.၂): စိတ်ဝိညာဉ်ဆွဲဆောင်မှုချိပ်
ဝူလီ? ဆရာမော် ရုပ်လွန်ပညာလောကက ဆရာတွေကို သူပြန်တွေးကြည့်လိုက်လေတယ်၊ ဒါပေမဲ့ ဝူလီဆိုတဲ့နာမည်ရှိတဲ့သူ တစ်ယောက်ကိုမှ သူပြန်မတွေးနိုင်တာကြောင့် ဆရာမော် မျက်မှောင်ကြှုပ်လိုက်လေသည်။ သူ့အသိဆရာတွေထဲ၊ ဒီလိုလူမျိုးအား သူတစ်ခါမှမကြားမိလေဘူး။
“ဒါဆို၊ မင်းအဘိုး အခုဘယ်မှာလဲ?” ဆရာမော် စူးစမ်းချင်စိတ်နဲ့ မေးကြည့်လိုက်လေသည်။
“ကျွန်မလည်းမသိဘူး။” ချန်းယုသူမခေါင်းကို ခါယမ်းပြလိုက်လေတယ်၊ “သူက ပတ်ပြီးခရီးသွားနေတာ၊ သူအခုဘယ်မှာရှိနေလဲဆိုတာ ကျွန်မလည်းမသိဘူး။”
“ဒါဆို… လော့မင်အခြေအနေအကြောင်း မင်းသူ့ကိုမေးကြည့်ဖူးလား?” ဆရာမော်က လူကိုယ်တိုင်သွားလည်ရန် စဉ်းစားထားတာဖြစ်လေတယ်၊ ဒါပေမဲ့ တစ်လှမ်းဆုတ်ပြီး အခြားတစ်ခုမေးလိုက်လေသည်။
“မမေးရသေးဘူး…” ချန်းယု မခံမရပ်နိုင်ဖြစ်နေလေတယ်၊ “ကျွန်မအဘိုးက မယုံကြည်ရဘူး၊ ကျွန်မ သူနဲ့အမြဲ အဆက်အသွယ်လုပ်လို့မရဘူး။”
တကယ်တော့၊ ကြေးဓားသာ အဆင့်မြင့်အဆောင်ကို တစ်ချက်ထဲ ဖောက်ထွက်သွားပြီး သူမအန္တရာယ်ရှိနေတာကို အဘိုးကြီးအာရုံခံရအောင် မလုပ်ပေးခဲ့ဘူးဆိုရင်၊ လူအိုကြီး အရင်ခေါ်လာမှာမဟုတ်ဘူးဆိုတာ သူမတတ်အပ်ပြောရဲလေသည်။ ဒီအကြောင်းတွေးလိုက်ပြီးနောက်၊ ချန်းယုရဲ့နှလုံးသား နာကျင်သွားရလေတယ်၊ မီလီယံချီတန်တဲ့ အဆင့်မြင့်ကာကွယ်ရေးအဆောင်တစ်ခု၊ အာ၊ ဖုန်းတစ်ခါခေါ်ခံရဖို့ အဲ့တာအကုန်ဆုံးသွားရတာပဲ…
ချန်းယုရဲ့မျက်နှာ ရုတ်တရက်ကြည့်ရဆိုးသွားတာကို ဆရာမော်မြင်လိုက်တော့ သူမကိုသူမ အပြစ်တင်နေတယ်လို့ ဆရာမော်ထင်လိုက်လေတယ်၊ ဒီတော့ သူမတတ်နိုင်ဘဲ သူမကိုနှစ်သိမ့်လိုက်လေတယ်၊ “အဆင်ပြေပါတယ်၊ မင်းအဘိုးနောက်တစ်ခါ မင်းကိုဆက်သွယ်လာချိန် မေးလို့ရပါတယ်။”
“အမ်!” ချန်းယု ခေါင်းညိတ်လိုက်လေသည်။ သူမနည်းနည်းလောက်တွေးပြီးနောက် ပြောလိုက်လေတယ်၊ “တတိယအစ်ကိုလက်က ကျောက်စိမ်းချိပ်ကောက် ကျိုးသွားတာ၊ ဆရာမော်၊ အဲ့တာကို ပြင်နိုင်လောက်လား?”
ESTÁS LEYENDO
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Romanceမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...