အပိုင်း(၃၇.၁):မင်းသူမကိုကာကွယ်ပေးချင်တယ်

2.5K 312 1
                                    

အပိုင်း(၃၇.၁): မင်းသူမကိုကာကွယ်ပေးချင်တယ်

နောက်တနေ့၊ ဆရာမော် ကျောက်စိမ်းချိပ်ကောက်အသစ်ယူလာလေတယ်၊ လော့မင်ယူလိုက်ပြီး သူ့လက်ပေါ်ဝတ်ထားလိုက်လေသည်။ သူ ကျောက်စိမ်းချိပ်ကောက်အသစ်ကိုကြည့်လိုက်လေတယ်၊ ခဏတဖြုတ်လောက်တွေးလိုက်ပြီးနောက် ပြောလိုက်လေတယ်၊ “ဆရာမော်၊ ‌ကြေးဓားနဲ့ပတ်သတ်ပြီး မင်းတွေးမိတာရှိလား?”

“အဲဒီကြေးဓားမှာ ပြဿနာရှိနေတယ်။” ဆရာမော်က ပြောလာလေတယ်၊ “ဓားရိုးမှာ အရမ်းထူးဆန်းတဲ့စွမ်းအင်ပါဝင်နေတဲ့ အရာတစ်ခုရှိတယ်။”

“ထူးဆန်းတဲ့စွမ်းအင်?” နိုင်ငံတော်သိပ္ပံတက္ကသိုလ်ကပေးလာတဲ့ အချက်အလက်တွေကို လော့မင်တွေးလိုက်လေတယ်၊ အဲ့မှာဖော်ပြထားတာမှာ ထူးဆန်းတဲ့စွမ်းအင်ကို ထောက်လှမ်းမိလေသည်တဲ့။

“အဲ့တာက စိတ်စွမ်းအင်မဟုတ်လေဘူး၊ ဒါပေမဲ့ မကောင်းမှုဝိညာဉ်လည်း မဟုတ်နေလေဘူး။” ဆရာမော်ပြောလိုက်လေတယ်၊ “ငါအခုတော့ မသေချာသေးဘူး၊ ဒါပေမဲ့ ငါသေချာနေတာကတော့ အဲ့တာက စစ်သူကြီးရဲ့ဓားတော့ မဖြစ်နိုင်ဘူး။”

“မဟုတ်ဘူး?” လော့မင် အနညိးငယ်အံ့ဩသွားလေသည်။

“မသေချာဘူးဆိုပေမဲ့လည်း၊ ဒါပေမဲ့ အဲ့တာက ရွှမ်မန်နဲ့ပတ်သတ်နေနိုင်တယ်၊၊” ဆရာမော်ပြောလိုက်လေတယ်၊ “ငါအရင်ကပြောဖူးပါတယ်၊ ဂိုဏ်းတော်တော်များများက သူတို့အမွေတွေဆုံးရှုံးသွားခဲ့ကြတယ်၊ ဖြစ်နိုင်ချေရှိတာက ဒီဓားက သူတို့ထဲကတစ်ခုပဲ။” [T/N: ရွှမ်မန်= အမှောင်/လျှိုဝှက်ဆန်းကြယ်သောဂိတ်]

“ဆရာပြောချင်တာက… ဒီဓားက ကောင်းကင်ဘုံဆရာတစ်ယောက်အပိုင်?” ဆရာမော် ဘာကိုဆိုလိုချင်လဲဆိုတာ လော့မင်နာလည်လိုက်လေတယ်၊ ဒါကြောင့် သူတအံ့တဩမေးလိုက်လေတယ်၊ “ဒါပေမဲ့၊ ကောင်းကင်ဘုံဆရာတစ်ယောက်ရဲ့ဓားက ဘာကြောင့် စစ်သူကြီးရဲ့ခေါင်းတလားထဲရောက်နေရတာလဲ?”

“နန်လင်းရှေးဟောင်းသုတေသနပညာရှင်အဖွဲ့ရဲ့ သုံးသပ်ချက်ထွက်လာတဲ့အထိ ငါတို့စောင့်ရမှာပဲ။ သင်းချိုင်းဂူပိုင်ရှင်အကြောင်း တိကျတဲ့နားလည်နိုင်တဲ့အထိရောက်ရင်၊ ဒါဆို အချက်အလက်ကိုအခြေခံပြီး အမှားကင်းအောင် ခန့်မှန်းတွက်ချက်လာနိုင်လိမ့်မယ်။” ဆရာမော်ပြောလိုက်လေတယ်၊ “ဒါပေမဲ့… ဖြစ်နိုင်ချေနှစ်ခုရှိနေတယ်။”

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】Donde viven las historias. Descúbrelo ahora