အပိုင်း(၆၆.၂):သရဲဈေး
ဝန်ကြီးလော့ မရည်ရွယ်ဘဲ လွန်ခဲ့တဲ့လကိစ္စကိုပြန်တွေးမိသွားလေသည်။ သူ့ဇနီး သူ့ထံဖုန်းခေါ်လာကာ သူတို့ချွေးမအနေနဲ့ လော့မင်နဲ့ အရမ်းကောင်းမွန်တဲ့ကံရှိနေတဲ့ မိန်းကလေးတစ်ဦးကို သူမရှာတွေ့ထားပြီလို့ ပြောလာလေတယ်။ အဲဒီအချိန်တုန်းက သူ့ဇနီးဘာပြောခဲ့တာပါလိမ့်? ခြံဝန်းသေးလေးထဲ လော့မင်တစ်ဦးထဲ အထီးကျန်နေရတဲ့အကြောင်းပဲ။ သူ့အတွင်းစိတ်ထဲ၊ မိသားစုနွေးထွေးမှုမျိုး သူအသည်းအသန်လိုချင်နေလေတယ်တဲ့။ ကုန်ကုန်ကိုတွေ့ရဖို့အတွက်နဲ့၊ မကောင်းမှုဝိညာဉ်ကိုဖိနှိပ်တဲ့ ဝိညာဉ်ကန့်သတ်ခြင်းအဆောင်နဲ့ အရဲစွန့်ပြီး၊ သူအိမ်ကိုလာရောက်လည်ပတ်တာတောင်လုပ်ခဲ့သေးတာ။
လော့မင်မကောင်းမှုဝိညာဉ်က သူ့သက်တမ်းအပေါ် သက်ရောက်မှုရှိလေတယ်၊ ဒါပေမဲ့ ဝန်ကြီးလော့က ဒီအကြောင်းအား သူ့ဇနီးကိုမပြောပြထားလေဘူး။ ထို့ကြောင့်၊ လော့မင်အတွက် သင့်တော်မယ့်ဇနီးရွေးချယ်နေချိန်၊ ဝန်ကြီးလော့က အားမပေးခဲ့လေဘူး၊ ဒါပေမဲ့ ငြင်းဆန်ဖို့ခက်လှတယ်လို့လည်း ရှာတွေ့ခဲ့လေသည်။ တစ်ချိန်တည်းမှာပဲ၊ လော့မင် သေချာပေါက်သဘောမတူဘူးဆိုတာကို သူသိနေတာကြောင့်၊ သူ့ဇနီးကို သူတမင်သက်သက်မတားခဲ့လေဘူး။
ဒါပေမဲ့ တကယ်လို့... လော့မင်ကို အစောတူန်းကလို စိတ်အေးလက်အေးရှိကာ သက်တောင့်သက်သာဖြစ်စေနိုင်မယ့်လူမျိုး သူတို့ရှာပေးနိုင်ခဲ့မယ်ဆိုရင်၊ နောက်ဆုံးတော့ သူ့ဇနီးကို သူနားလည်ပေးနိုင်ပြီလို့ ဝန်ကြီးလော့တွေးမိလိုက်လေသည်။
“လော့မင်နဲ့ သူမအမြဲဒီလိုအဆင်ပြေကြတာလား?” ဒီနှစ်ရက်အတွင်း ချန်းယုနဲ့ပတ်သတ်တဲ့သတင်းတော်တော်များများ ဝန်ကြီးလော့စုဆောင်းပြီးသွားလေပြီ၊ သူမကလေးဘဝတုန်းက လူကုန်ကူးခံရတဲ့အကြောင်းလည်းပါဝင်လေတယ်၊ ထို့နောက်မှာတော့ သူမကို ချင်းမူစီရင်စုကနေ ချန်းယန်ပြန်ခေါ်လာခဲ့တာကောပေါ့။ ပြန်လာတဲ့နေ့ ပထမရက်မှာတင် ခြံဝန်းထဲခိုးဝင်လာပြီး ညလယ်တိုင်း သူ့သားကိုရှာဖို့ မကြာခဏနံရံကျော်တက်တာတွေကောပေါ့။
ŞİMDİ OKUDUĞUN
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Romantizmမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...