အပိုင်း(၆၉.၂):ပစ်ခြင်း
“ကျည်ဆန်က...နှလုံးနဲ့နဲ့နီးတဲ့...နေရာကိုမှန်သွားခဲ့တာ။” ချန်းယန်ကို ခွဲစိတ်ခန်းဆီမပို့လိုက်ခင်၊ သူတို့ကို စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားဖို့ ဆရာဝန်ကမှာကြားခဲ့လေသည်။ သေနတ်ပစ်ခံရတာကနေ ခေါင်းဆောင်မြေပေါ်လဲသွားတဲ့အချိန်ကို ချိူးဟမ်ပြန်တွေးမိလိုက်တိုင်း၊ သူ့ရင်ထဲ နေရခက်သလိုခံစားနေရလေသည်။ အဲ့တာက ပေါက်ကွဲထွက်သွားတော့မယ့်အတိုင်းပဲ။
“ခေါင်းဆောင်က ကံကြမ္မာကောင်းချီးပေးခံထားရတာ။ သူအဆင်ပြေသွားမှာပါ။” ရဲအရာရှိနောက်တစ်ဦးချည်းကပ်လာကာ ချိူးဟမ်ပုခုံးကို ပုတ်လာလေတယ်။
ချန်းယုနှလုံးသားထဲ ရုတ်တရက် နိမိတ်မကောင်းတဲ့ခံစားချက်ကို ခံစားမိလာလေတယ်။ သူမစိတ်ပျံ့နေချိန်၌၊ သတိပေးမလာဘဲ မကြည်သာသောလေအေးတစ်သိုက်တိုက်ခက်လာကာ၊ စင်္ကြံလမ်းအဆုံး၌ ရိုးစင်းတဲ့ဝတ်ရုံကိုဝတ်ဆင်ထားတဲ့ တစ္ဆေလိုအမျိုးသားတစ်ဦး ရုတ်တရက်ပေါ်ထွက်လာလေသည်။
သရဲတမန်တော်ကို ချန်းယုမြင်လိုက်ချိန်၊ ဘာမှတွေးမနေတော့ဘဲ၊ ခွဲစိတ်ခန်းဝင်ပေါက်ရှိရာဆီ ဝှစ်ခနဲပြေးလာလိုက်လေသည်၊၊
“ရှီရှီ?” ရုတ်တရက်ကြီး ခွဲစိတ်ခန်းဝင်ပေါက်ကိုပိတ်လာတဲ့ သူမသမီးကို အမေချန်းတအံ့တဩကြည့်လာလေတယ်။
“ရှီရှီ၊ သမီးဘာလို့အဲဒီနေရာမှာရပ်နေရတာလဲ?” သူမလက်ဆန့်ကာ တစ်ခုခုကိုတားဖို့ကြိုးစားနေပုံရတဲ့ သူ့သမီးကိုကြည့်ကာ မြို့တော်ဝန်ချန်း ထူးဆန်းသလိုမေးလာလိုက်လေတယ်။
ချန်းယု သူမမိဘတွေမေးခွန်းထုတ်လာတာကို လျစ်လျူရှုထားပြီး ရှေ့တည့်တည့်ကိုသာစိုက်ကြည့်နေလေတယ်။
“ကောင်းကင်ဘုံဆရာ? ကျေးဇူးပြုပြီး လမ်းဖယ်ပေးပါ။ ငါအထဲဝင်ပြီး သေသူဝိညာဉ်လက်ခံချင်လို့။” ချန်းယုရှေ့ ရိုးရိုးရှင်းရှင်းဝတ်ဆင်ထားတဲ့သရဲတမန်တော်ရပ်လာလေတယ်။
ချန်းယု နှုတ်ခမ်းတင်းတင်းစေ့ထားပြီး မျက်တောင်မခပ်လိုက်ဘဲ သရဲတမန်တော်ကိုစိုက်ကြည့်နေလိုက်တယ်။ သူရှေ့တစ်လှမ်းတိုးလာမှာကိုတောင် သူမခွင့်မပြုနိုင်လေဘူး: “ရှင်ဒီကိုဘာလာလုပ်တာလဲ?”
ŞİMDİ OKUDUĞUN
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Romantizmမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...