အပိုင်း(၇၁):ပဲ့တင်ထပ်ခြင်း

1.8K 236 5
                                    

အပိုင်း(၇၁.၁):ပဲ့တင်ထပ်ခြင်း

တစ်ဖက်ကနေ ချန်းယုလူကယ်တာကို ရှန်းနန်စောင့်ကြည့်ပြီးနောက်၊ သူနဲ့အတူထွက်သွားဖို့ သရဲတမန်တော်ကို အချက်ပြလိုက်လေသည်။

တားမြစ်နည်းပညာကိုသုံးရင်း ‌ချန်းယုစိတ်စွမ်းအင်က ကုန်ခမ်းသွားခဲ့လေပြီ။ နောက်ပိုင်းမှာတော့၊ သံလိုက်အိမ်မြှောင်ထဲက စိတ်စွမ်းအင်က သူမကိုကူညီထောက်ပံ့ပေးထားလေတယ်၊ ချန်းယု ပြိုလဲတော့မယ်ဆိုတာကို ရှန်းနန်လည်းရှာတွေ့လိုက်လေတယ်၊ ဒီတော့ သရဲတမန်တော်ကိုခေါ်ဆောင်ရင်း အချိန်မှီထွက်သွားလိုက်လေသည်။

သူအစောကတည်းက မထွက်လာခဲ့တာက ချန်းယန်ကို အပြည့်အဝမကယ်တင်ရသေးတာကြောင့်ပဲ။ သေခြင်းရှင်ခြင်းစာအုပ်ထဲ ဘာတစ်ခုမှမပြောင်းလဲသွားလေဘူး။ သူ့မှာတားဖို့တာဝန်ရှိနေသေးလေတယ်၊ ဒီတော့ သူသာစောစောထွက်သွားမယ်ဆိုရင်၊ သရဲတမန်တော်က သဲလွန်စတွေကို ရှာတွေ့သွားနိုင်လေသည်။

သရဲတမန်တော်နဲ့အတူ ရှန်းနန်ထွက်သွားတဲ့အထိစောင့်ပြီးမှ ချန်းယု စိတ်အေးသွားသလို အသက်ရှုထုတ်လာလိုက်လေသည်။ ကုတင်ခြေရင်း၌ သူမလဲကျသွားလေတော့သည်။ သံလိုက်အိမ်မြှောင်လည်း ခလွမ်းဆိုတဲ့အသံနဲ့ မြေပေါ်ပြုတ်ကျလာလေတော့သည်။

“ရှီရှီ!” အစကနေ ကိစ္စတစ်ခုလုံးကို မျက်မြင်တွေ့လိုက်ရတဲ့ ချန်စုံတွဲက၊ သူမနားပြေးလာပြီး၊ မြေပြင်ပေါ်ကချန်းယုကို မြို့တော်ဝန်ချန်း ကောက်ချီလိုက်လေတော့သည်။

“ရှီရှီ၊ သမီးအဆင်ပြေရဲ့လား?အမေ့ကိုမခြောက်လှန့်ပါနဲ့။” အမေချန်း တုန်တုန်ယင်ယင်ဖြစ်လျက် မေးလာလိုက်လေတယ်၊၊ တစ်နေ့ထဲ၌ သူမသမီးကော သားကော တစ်ခုခုဖြစ်လာခဲ့ရင် သူမဘာလုပ်ရမလဲဆိုတာကို အမေချန်း စိတ်မကူးကြည့်ရဲလေဘူး။

“သမီးအဆင်ပြေပါတယ်...အားကုန်သွားရုံပါပဲ။ သမီးအိပ်ဖို့လိုရုံတင်ပဲ။” ချန်းယု အားနည်းစွာပြောလာလေတယ်၊ “ဆရာဝန်ရှာပြီး အစ်ကို...အဆင်ပြေရဲ့လားဆိုတာကို စစ်ဆေးခိုင်းလိုက်။”

ချန်းယုဒါကိုပြောပြီးတာနဲ့၊ သူမသတိမေ့သွားလေတော့သည်။

“ရှီရှီ၊ ရှီရှီ...” သူမသမီး ရုတ်တရက်သတိမေ့သွားတာကို အမေချန်းမြင်လိုက်တော့၊ သူမထိတ်လန့်သွားပြီး ချန်းယုကို လှုပ်ခါလိုက်လေတော့သည်။ သူမနှစ်ခါပဲခါယမ်းပြီးချိန်၊ တစ်ဖက်ကအဖေချန်း သူမကိုတားလာလေတယ်။

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】Nơi câu chuyện tồn tại. Hãy khám phá bây giờ