အပိုင်း(၈၀.၂):ရောင်စုံအရှိန်အဝါ

1.6K 211 9
                                    

အပိုင်း(၈၀.၂):ရောင်စုံအရှိန်အဝါ

တိမ်နက်တွေထဲ ပြတ်တောင်းပြတ်တောင်းအလင်းတွေ ဖြတ်ခနဲလင်းလက်လာလေသည်။ ကောင်းကင်ဘုံမိုးကြိုးပစ်ချလာတော့မယ်...

လော့မင် သူ့ခေါင်းကိုငုံ့ပြီး သူ့အေးစက်‌စက်နိုင်တဲ့မျက်ဝန်းနက်တွေထဲ သံသယအရိပ်အယောင်များဖြတ်ခနဲပေါ်လာလေသည်။ သူ့လက်မောင်းထဲက မိန်းကလေးရဲ့မျက်နှာကို လေ့လာလိုက်ပြီး၊ မျက်နှာပေါ်က သလင်းကျောက်လိုမျက်ရည်စက်တွေကို ကြည့်နေလိုက်တယ်။ တစ်ခုခုက မဟုတ်နေသလိုပဲ။

ကိုယ်မင်းဆီကိုလာချင်ရုံတင်ပါ၊ မင်းငိုအောင်လုပ်ဖို့ ကိုယ်မရည်ရွယ်ပါဘူး!

ချန်းယုပါးပေါ်ကမျက်ရည်တွေကို လော့မင်ရဲ့လက်မနဲ့သုတ်ပေးလိုက်ပြီး၊ ခေါင်းပေါ်ကျလာတော့မယ် ကောင်းကင်ဘုံမိုးကြိုးကို လျစ်လျူရှုထားလိုက်လေသည်။

“ချန်းယု!” တိမ်တွေဆီမှ ထူထပ်သောခရမ်းရောင်မိုးကြိုးပစ်ချလာချိန် အဘိုးဝူက ချန်းယုနာမည်ကို အသည်းအသန်ခေါ်လာလိုက်လေသည်။ အချိန်မီရုံကလေးမှာ၊ လော့မင်ကိုယ်ထဲကနေ ရွှေရောင်အလင်း ရုတ်တရက်ထွက်ပေါ်လာပြီး၊ အဲ့တာက ကောင်းကင်ထဲပစ်ဝင်သွားပြီး၊ သူ့မကောင်းမှုဝိညာဉ်နဲ့ မိုးကြိုးတိမ်တိုက်ကြား အကာရံတစ်ခုဖြစ်တည်လာလေသည်။

ခရမ်းရောင်မိုးကြိုးက လေထဲရပ်တန့်သွားပြီး ရုတ်တရက်ကြီး သူ့ပစ်မှတ်ပျောက်ဆုံးသွားလေသည်။ မိုးကြိုးရပ်သွားပြီးနောက်၊ တဖြောက်ဖြောက်မြည်နေတဲ့မိုးခြိမ်းသံချန်ရစ်ထားပြီး ညကောင်းကင်ထဲပျောက်ကွယ်သွားလေတော့သည်။ အဲဒီအခြေအနေ၌၊ ကောင်းကင်ရဲ့မိုးကြိုးတိမ်တိုက်တွေလည်း အရပ်မျက်နှာအသီးသီးဆီ တိတ်တဆိတ်လေးပျံ့နှံ့သွားပြီး၊ သူ့နောက်က ငွေရောင်လဖြူကို ဖွင့်လှစ်ပြသလာလေတော့သည်။ ဘာမှမဖြစ်ခဲ့သလို တောင်ကြားလည်း ထပ်မံတိတ်ဆိတ်ငြိမ်သက်သွားပြန်လေသည်။

အဘိုးဝူ ဒီမြင်ကွင်းကို မယုံသင်္ကာဖြစ်လျက် ငေးကြည့်နေလေတော့သည်။ တောက်ပတဲ့လရောင်အောက်၌၊ ရွှေရောင်အကာရံထွက်ပေါ်လာလေတယ်။ ရွှေရောင်အကာရံအောက်မှာ၊ သွေးနီရောင်မကောင်းမှုဝိညာဉ်က မာန်ဟုန်ထလျက်ရှိနေပြီး၊ သွေးနီရောင်မကောင်းမှုစွမ်းအင်အလယ်ထဲမှာ ပွေ့ဖက်နေတဲ့စုံတွဲတစ်တွဲရှိနေလေသည်။

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】حيث تعيش القصص. اكتشف الآن