အပိုင်း(၈၉.၂)

1.6K 183 1
                                    

အပိုင်း(၈၉.၂)

ဒီလိုလား? အကျိုးအကြောင်းဆီလျော်နေပုံပေါ်ပေမဲ့၊ ချန်းယုရဲသုံးဘက်အမြင်ပေါ်တော့ အရာထင်သွားခဲ့လေပြီ။

“ငါ့နောက်လိုက်ပြီး သင်ယူလိုက်ပေါ့။ နောက်ဆယ်နှစ်နေရင် မင်းတာဝန်ဖြစ်လာလိမ့်မယ်။” သူမအား အချိန်အတော်ကြာပြုစုပျိူးထောင်လာပြီးနောက်၊ သူအနားယူလို့ရနိုင်လေပြီ။

ချန်းယုက ကျောင်းကိုပြန်လာပြီး ခွင့်ရက်ယူလိုက်လေတယ်။ သူမမိသားစုနဲ့စကားပြောပြီး၊ နောက်နေ့မှာ လက်မှတ်ဝယ်ယူလိုက်ပြီးနောက်၊ သူမအဘိုးနဲ့အတူ ချီလျန်တောင်တွေဆီသွားရန် အဆင့်သင့်ဖြစ်နေလေပြီ။

ချန်းယုက ချီလျန်တောင်တွေဆီ စောစောသွားမယ်ဆိုတာကို လော့မင်ကြားလိုက်ရတော့ ညတွင်းချင်း သူမအားခေါ်လိုက်လေသည်။ သူမရှေ့ သေတ္တာချပေးလိုက်လေတယ်။

“ဒါဘာလဲ?” ချန်းယုက သေတ္တာကို စပ်စပ်စုစုကြည့်လာလိုက်လေသည်။

ချန်းယုမယူလိုက်တာကို လော့မင်မြင်လိုက်တော့၊ သူ့ဘာသာသူသေတ္တာဖွင့်လိုက်ပြီး အထဲကအရာကိုထုတ်ကာ ချန်းယုထံကမ်းပေးလိုက်လေတယ်: “ဝိညာဉ်စိမ်းဆံညှပ်။”

“တတိယအစ်ကို၊ ဝိညာဉ်စိမ်းဆံညှပ်က အစ်ကို့မကောင်းမှုဝိညာဥ်ကို သန့်စင်ဖို့သုံးတာလေ။ ဘာလို့ညီမကိုပေးရတာလဲ?” ချန်းယုက လှမ်းမယူလိုက်လေဘူး။

“မင်းကိုယ်မင်းကာကွယ်ဖို့အတွက်၊” လော့မင်က အရမ်းသတိထားနေတာမဟုတ်ပါဘူး။ ဖြစ်နေတာက ချန်းယုတစ်ခုခုလုပ်ပြီဆိုတိုင်း အမြဲပြဿနာဖြစ်တတ်သလိုပဲ။ ဇွန်ဘီးကနေ သရဲဘုရင်၊ သရဲဘုရင်ကနေ နှစ်တစ်ထောင်ဇွန်ဘီးထိ၊ အကြိမ်တိုင်းက အလွန်ကိုအန္တရာယ်များလှလေတယ်။ ဒီတကြိမ်ချန်းယုသွားမယ့်နေရာက ချီလျန်တောင်ဖြစ်တယ်။ လော့မင်က သူမနောက်လိုက် အဖော်ပြုမပေးနိုင်လေဘူး၊ ဒီတော့ သူမကိုယ်သူမကာကွယ်‌ဖို့အတွက် မှော်လက်နက်ပေးလိုက်ရုံသာ လုပ်နိုင်လေတယ်။

“မလိုပါဘူး။ ညီမ အစ်ကို့ကိုပြောပြီးပြီလေ။ ချီလျန်တောင်က ညီမတို့ဂိုဏ်းရှိရာနေရာ။ စိတ်စွမ်းအင်ပြိုင်ပွဲကြီးမှာ ညီမတို့ရင်ဆိုင်ရမယ့်မလိုမုန်းထားသရဲတွေကလည်း ညီမအဘိုးဖမ်းပြီးထည့်ထားတာတွေ။ ဘာအန္တရာယ်မှရှိမှာမဟုတ်ပါဘူး။” အဲ့တာကိုလျှို့ဝှက်ထားဖို့၊ ချန်းယုက ဒီအကြောင်းကို လော့မင်ကိုပဲပြောပြခဲ့တာ။ ဆရာမော်အား မပြောပြခဲ့လေဘူး။

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】Where stories live. Discover now