အပိုင်း(၃၂.၁):အစ်ကိုနဲ့အတူနေသွားပါ့မယ်

2.4K 319 2
                                    

အပိုင်း(၃၂.၁): အစ်ကိုနဲ့နေပေးပါ့မယ်

  လော့မင် ဒုတိယထပ်က စာဖတ်ခန်းကို ပြန်ရောက်လာတော့၊ သူ့အမေကို အရင်မခေါ်လိုက်ဘဲ၊ ဆရာမော်အား video call ခေါ်လိုက်လေသည်။ “ဆရာမော်” video call ပေါ်က ဆရာမော်ကိုကြည့်ရင်း လော့မင်မျက်မှောင်ကြှုပ်လိုက်လေသည်။

  “ကျန်းမိသားစုရဲ့မိန်းကလေးနဲ့ မင်းတွေ့ပြီးပုံပဲ။” သူ့မကောင်းမှုဝိညာဉ် လွတ်ထွက်သွားတာနဲ့ ပတ်သတ်နေတဲ့ကိစ္စ ဖြစ်နေမယ်ဆိုရင်တောင်မှ၊ ဆရာမော်ရှေ့ လော့မင်ဒီလိုမျိုး မျက်မှောင်မကြှုပ်ဖူးလေဘူး။ ဒီတော့၊ video callပေါ်က ဒီနေ့လော့မင်ရဲ့မျက်နှာအမူအရာကို ဆရာမော်မြင်လိုက်တော့၊ လော့မင်ဘာလို့ သူ့ကိုဆက်သွယ်လာရလဲဆိုတဲ့ အကြောင်းပြချက်အား သူခန်းမှန်းနိုင်လေသည်။ 

  “မှန်နေတာပဲ၊ ဆရာဒါကို တကယ်ပဲလိုက်လျောပေးလိုက်တာပေါ့?” လော့မင် တနည်းနည်းနဲ့ ပြောစရာမဲ့သွားလေတယ်၊ “ကျွန်တော့ကို နားအလည်ဆုံးသူက ဆရာဖြစ်နေမယ်လို့ ကျွန်တော်အမြဲထင်နေခဲ့တာ။”

  “မင်းအကြောင်းပြချက်ကို ငါနားလည်ပါတယ်၊ ဒါပေမဲ့ မင်းအမေ့ရဲ့အကြောင်းပြချက်ကိုလည်း ငါနားလည်နေတယ်လေ။” ဆရာမော် သက်ပြင်းချလိုက်လေတယ်၊ “မိန်းကလေးကျန်းရဲ့ကံက တစ်မီလီယံမှတစ်ဦးပဲရှိတယ်၊ သူမကိုရှာတွေ့ဖို့ မဒမ်လော့တော်တော်ကြိုးပမ်းခဲ့ရမှာ။”

  “ဒါပေမဲ့ ဒီလိုမျိုး ကျွန်တော့အခြေအနေမျိုးနဲ့၊ အဲ့တာက အခြားသူတွေကို ဆွဲထားသလိုပဲဖြစ်‌မနေဘူးလား?” လော့မင်မေးလိုက်လေသည်။

  “မိန်းကလေးကျန်းသာ မင်းရဲ့အခြေအနေကိုနားလည်ပြီး လက်ခံပေးမယ်ဆိုရင်၊ ဒါကလုံးလုံးဆိုးနေတဲ့ဟာ မဟုတ်တော့ပါဘူး။” ဆရာမော်သက်ပြင်းချလိုက်လေတယ်၊ “ငါဒီအရာတွေကို မပြောခဲ့သင့်ဘူး၊ ဒါပေမဲ့ မင်းနှစ်ပေါင်းများစွာ ဘယ်လိုတောင့်ခံလာလဲ၊ ဘာတွေလုပ်ခဲ့လဲ၊ ဘယ်လိုခက်ခက်ခဲခဲနေထိုင်ခဲ့လဲဆို‌တာတွေ ငါအချိန်အကြာကြီးစောင့်ကြည့်လာခဲ့တာ… လော့မင်၊ မင်းကထိုက်တန်ပါတယ်။”

  “ဆရာမော်” လော့မင်မေးလိုက်လေတယ်၊ “ကျွန်တော်မေးကြည့်ချင်တယ် ကျွန်တော်သာ ကျောက်စိမ်းချိပ်ကောက်ဖြုတ်လိုက်မယ်ဆိုရင်၊ တစ်ဖက်လူက မထိခိုက်နိုင်ဘူးလား?”

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】Kde žijí příběhy. Začni objevovat