အပိုင်း(၂၈.၂):သရဲအနိုင်ကျင့်တာခံရခြင်း
သူရှာတွေ့သွားတာနဲ့ တစ်ဖက်လူချက်ချင်းထွက်ပြေးသွားမယ်ဆိုတာ ဟဲကျီသိနေလေတယ်၊ ဒါပေမဲ့ ချန်းယုအား မစွန့်စားခိုင်းရဲလေဘူး၊ ဒီတော့ တတိယသခင်လေးကို အခြေအနေတင်ပြသွားပြီးနောက်၊ ဟဲကျီ ချန်းယုကို မြို့တော်တက္ကသိုလ်ကနေ ခေါ်လာပြီး အဝေးသို့ မောင်းနှင်လာခဲ့လေသည်။
“အစောက သေနတ်လား?” သူမဦးနှောက် လိုင်းပေါ်ပြန်တက်လာပြီးနောက် ချန်းယုမေးလာလိုက်လေသည်။
“နောက်ပိုင်း တစ်ယောက်ယောက်ကို အနှောက်အယှက်ပေးမိသေးလား?” မောင်းနေရင်း ဟဲကျီမေးလိုက်လေသည်။
“မရှိဘူး။” ချန်းယုအပြစ်ကင်းစွာဖြေလိုက်လေသည်။ သူမလူတွေထက် သရဲတွေနဲ့ပိုတွေ့နေရတာလေ၊ လူတွေကို အနှောက်အယှက်ပေးဖို့ ဘယ်မှာလုပ်နိုင်ရမှာလဲ?
“အရင်ဆုံး စစ်ခြံဝန်းကိုပြန်ပြီး တတိယသခင်လေးဘာပြောမလဲ ကြည့်ကြည့်ကြတာပေါ့” ဟဲကျီပြောလိုက်လေသည်။
ချန်းယု အချိန်ခဏလောက်တွေးကြည့်လိုက်ပေမဲ့ အခြားနည်းမရှိနေလေဘူး၊ သူမ ဟဲကျီနောက်ကိုသာ စိတ်အေးလက်အေးလက်သွားလိုက်လေတော့သည်။
ချန်းယုရောက်မလာခင် လော့မင်သတင်းကြိုရထားပြီးဖြစ်လေသည်။ မိန်းကလေးဘာဒဏ်ရာမှမရဘူးလို့ ဟဲကျီ ထပ်ခါထပ်ခါအာမခံထားပေးမဲ့လည်း၊ လော့မင်စိတ်မချနိုင်ဘဲ သူမအားအထက်အောက်သေချာစစ်ဆေးလိုက်လေသည်။
“ညီမတကယ်အဆင်ပြေပါတယ်၊ ဗိုက်ဆာနေတာပဲရှိတာပါ။” ချန်းယု သနားကမားပြောကာ၊ သူမဗိုက်ကိုကိုင်လိုက်လေတယ်၊ “ညီမမနက်စာမစားရသေးဘူး”
“မင်း” လော့မင်မှာ ပြောစရာစကားမဲ့သွားလေတယ်၊ တစ်ယောက်ယောက်အား သူမအတွက် မနက်စာပြင်ခိုင်းလိုက်လေတော့သည်။
ခဏနေတော့၊ ဖက်ထုပ်ပူနှစ်ပန်းကန်ရောက်လာလေတော့သည်။ ချန်းယုကျေနပ်အားရနေတဲ့အမူအရာနဲ့ စားနေတာကို လော့မင်မြင်လိုက်လေတယ်၊ သူမမျက်နှာပေါ် သေရာကနေလွတ်လာတဲ့ လက္ခဏာမျိုးမရှိနေလေဘူး၊ သူမနေနိုင်ဘဲမေးလိုက်လေတယ်၊ “ပုံမှန်ဆို မင်းအရည်အချင်းက အရမ်းကောင်းပါတယ်၊ တစ်ယောက်ယောက် မင်းကို သေနတ်နဲ့ချိန်တာကျ ဘယ်လိုလုပ်မသိနေရတာလဲ?”
![](https://img.wattpad.com/cover/277268277-288-k782124.jpg)
KAMU SEDANG MEMBACA
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Romansaမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...