အပိုင်း(၃၆.၂): တတိယအစ်ကို၊ ညီမအစ်ကို့ကို အသားယူမိပြီ
ဟဲကျီက သူ့တာဝန်ချိန်ပြီးသွားလေပြီ၊ ဒီတော့ ချန်းယုကို လာကြိုပေးတဲ့သူက ထျန်းဖေဖြစ်နေလေသည်။ လော့မင်အား ချန်းယုကယ်တင်လိုက်ကတည်းက၊ လက်ထောက်များ သူမကိုပို၍လေးစားလာလေတော့သည်။
“တတိယသခင်လေးကိုတွေ့ဖို့ မိန်းကလေးချန်း ရောက်လာခဲ့တာလား?” ထျန်းဖေ ယဉ်ယဉ်ကျေးကျေးမေးလိုက်လေသည်။
“အမ်၊ တတိယအစ်ကို အိပ်နေတာလား?” ချန်းယုမေးလိုက်လေသည်။
“မအိပ်သေးဘူး၊ တတိယသခင်လေး အခုစာဖတ်ခန်းထဲမှာ စာဖတ်နေပါတယ်။” ထျန်းဖေပြန်ဖြေလိုက်လေသည်။
“သူနိုးလာတာနဲ့ စာဖတ်နေတယ်၊ စာအုပ်တွေက အဲ့လောက်တောင်ကောင်းနေလို့လား?” ချန်းယု ကျယ်လောင်တဲ့အသံနဲ့ ဒုတိယထပ်သို့ ပြေးလာလိုက်လေသည်။
စာဖတ်ခန်းဝင်ပေါက်ကို ချန်းယုမရောက်လာခင်၊ လော့မင် သူတစ်ဝက်လောက်ဖတ်ပြီးနေတဲ့စာအုပ်ကို ချထားလိုက်လေပြီ။ သူမအား သူမမြင်နေရရင်တောင်မှ၊ အပေါ်ထပ်ကို ပြေးလာတဲ့ခြေသံတွေကနေ ချန်းယုဆိုတာမှန်း သူခန့်မှန်းကြည့်လို့ရနေလေသည်။
“တတိယအစ်ကို” စာကြည့်ခန်းတံခါးက မပိတ်ထားလေဘူး၊ ဒီတော့ ချန်းယု သူမခေါင်းကိုသာ တိတ်တိတ်လေးတိုးဝင်လာလိုက်သည်။
“မင်းဆံပင်စတိုင်ပြောင်းလိုက်တာလား?” တစ်ချက်ကြည့်လိုက်တာနဲ့ ချန်းယုပြောင်းလဲထားတာကို လော့မင်မြင်လိုက်ရလေသည်။
ချန်းယု အခန်းထဲကို မလုံမလဲဖြသ်နေတဲ့အပြုံးနဲ့ဝင်လာလိုက်ပြီး၊ သူမလက်ချောင်းတွေက သူမဆံပင်ကို မထိန်းချုပ်နိုင်ဘဲ ဆွဲလိုက်မိလေသည်။
ထျန်းဖေ စားဖွယ်သောက်ဖွယ်တွေနဲ့ ဝင်လာလိုက်လေသည်။ လော့မင် ချန်းယုရဲ့ဆံပင်အကြောင်းပြောနေတာကို သူကြားလိုက်ရတော့ မြှောက်ပင့်လိုက်လေတယ်၊ “မိန်းကလေးချန်းယု သူမဆံပင်စတိုင်ပြောင်းလိုက်တော့ ပိုတောင်လှလာတာပဲ။ ကျွန်တော်တောင် သူမကိုမမှတ်မိတော့မလို့။”
BINABASA MO ANG
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Romanceမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...