အပိုင်း(၈၀.၁):ရောင်စုံအရှိန်အဝါ
သွေးနီရောင်မကောင်းမှုစွမ်းအင်က ကောင်ကင်း၏အနက်ရောင်ကန့်လန့်ကာကိုဖြတ်ပြီး၊ ကောင်းကင်ထဲ တန်းတန်းမတ်မတ်ဝင်ရောက်လာလေသည်။ နှစ်ထပ်ဆင့်အမြင့်နီးပါး မကောင်းမှုစွမ်းအင် မျောလွင့်လာချိန် တစ်စုံတစ်ခုက သူ့အားတားဆီးပိတ်ပင်လိုက်ပုံပဲ။ အရှိန်အဝါရပ်သွားလေတယ်၊ ဒါပေမဲ့ တစ်စက္ကန့်ပဲရပ်သွားခဲ့တာ။ အဲ့တာက မမြင်ရတဲ့ပိတ်ဆို့မှုကို ချိုးဖောက်သွားပြီးနောက် ကောင်းကင်ဘုံဆီ တည့်တည့်မတ်မတ်ဝင်သွားလေသည်။
မကောင်းမှုစွမ်းအင် ပိတ်ဆို့မှုကိုဖြတ်ကျော်သွားချိန်၊ တစ်ခုခုက ရုတ်တရက်ပေါက်ထွက်လာပုံပဲ။ နက်မှောင်နေတဲ့တောင်ကြားက ရုတ်တရက်လင်းလက်လာကာ၊ ငွေရောင်လင်းလက်နေတဲ့လရောင်ဖြူက တောင်ကြားတစ်ခုလုံးကို မတားဆီးနိုင်တော့အောင် ဖျန်းဖြူးပေးနေလေသည်။
“တတိယသခင်လေး?”
အတားအဆီကြွေမွကွဲထွက်သွားချိန်၊ အစွန်းပိုင်း၌ စောင့်ဆိုင်းနေကြတဲ့လက်ထောက်တွေ အလောတကြီးပြေးဝင်လာလေတော့သည်။ လော့မင်ရဲ့အခြေအနေကို အဝေးကနေမြင်လိုက်ရတော့၊ သူတို့အားလုံးစိုးရိမ်လာကြပြီး အမြန်နှုန်းထပ်တင်လိုက်ကြလေသည်။။
“အဲ့တာဘာလဲ?” အတားအဆီးကွဲထွက်သွားပြီးနောက်၊ လျန်ယုနဲ့အခြားသူတွေ တောင်ကြားကနေ ချက်ချင်းထွက်မသွားကြလေဘူး။ သူတို့အားလုံး တောင်ကြားအလယ်ထဲရပ်နေတဲ့ လော့မင်ကို၊ စူးစူးစမ်းစမ်းလေ့လာနေကြလေတယ်၊၊
“သွေးနီရောင်...” သူ့ဆရာဒါကိုပြောခဲ့ဖူးတာကို လုနင်မှတ်မိသွားလေပြီး၊ ဒီအရှိန်အဝါကို သူအမှတ်ရသွားလေတယ်၊ “နက်နဲသိမ်မွေ့သောမိစ္ဆာ(ရွှမ်ရှာ)ပဲ!”
“ရွှမ်ရှာ?” လျန်ကွမ်အမူအရာ ချက်ချင်းပြောင်းလဲသွားလေတယ်၊ “သေပြီးနောက်၊ ဝိညာဉ်က ခန္ဓာကိုယ်ထဲကမထွက်သွားဘူး၊ အလောင်းရဲ့အရိုးတွေကလည်းမတောင့်တင်းနေဘူး။ မသေသူတွေကို နတ်ဆိုးအဖြစ်အောင်အောင်မြင်မြင်ပျိုးထောင်လို့ရတယ်၊ မိုးခေါင်နတ်ဆိုးလို့လည်းခေါ်ဆိုကြတယ်၊ မိုးခေါင်နတ်ဆိုးက ဆိုးရွားတဲ့မကောင်းဆိုးဝါးပဲ။”
أنت تقرأ
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
عاطفيةမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...