အပိုင်း(၂၁.၂):ပြင်းထန်သောတိုက်ပွဲ
တစ်ချိန်ထဲမှာပဲ၊ မိုင်တစ်ထောင်လောက်ဝေးကွာတဲ့အကွာအဝေးက စင်တာတစ်ခုထဲမှာ၊ ခြေထောက်တွေကို ဇိမ်ကျကျအနှိပ်နယ်ခံနေတဲ့လူအိုကြီး ရုတ်တရက်သူ့မျက်လုံးတွေကို ဖွင့်လိုက်လေသည်။
"မစ္စတာလောင်၊ ကျွန်တော်နှိပ်တာ အရမ်းပြင်းသွားလို့လား?" လူအိုကြီးရဲ့မျက်နှာက မှားနေတယ်ဆိုတာကို သူမြင်လိုက်တော့ လူအိုကြီးကိုနှိပ်နယ်ပေးနေတဲ့ ကောင်ငယ်ကလေး ဂရုတစိုက်မေးလိုက်လေတယ်၊၊
"ဘာမှမဟုတ်ဘူး၊ ဆက်လုပ်ပါ။" လူအိုကြီး သူ့မျက်လုံးတွေကိုမမှိတ်လိုက်ခင် ခဏလောက်ရပ်သွားပြီး၊ ထိုင်ခုံပေါ်ပြန်ထိုင်လိုက်လေသည်။
အဲဒီမိန်းကလေးရဲ့ဘဝသက်တမ်းက မတိုတော့ သူမမသေနိုင်လောက်ပါဘူး။ အမ်၊ ငါအနှိပ်ပဲဆက်ခံလိုက်တော့မယ်။
ချန်းယု အဲဒီအချိန်ကွာခြားချက်ကို အသာစီးယူလိုက်ပြီး သူမနောက်က တုန်ချောင်းကိုကာကွယ်ရန် ပြေးသွားလိုက်သည်။
"အဲ့တာဘာလဲ?" တုန်ချောင်း အနက်ရောင်အရှိန်အဝါထဲ ပတ်ရံခံနေရတုန်းက၊ သူဝါးမျိုခံလိုက်ရတော့မယ်လို့ သူခံစားနေရလေသည်။
"ဒီကနေထွက်သွား" ချန်းယု သူမအဝတ်အိတ်ထဲကနေ အလယ်အလတ်ပယောဂနှင်တဲ့အဆောင်ငါးခု ထုတ်ယူလိုက်လေသည်။
တစ်မီလီယံကုန်သွားပြီ၊ ငါ့နှလုံးသားကနာလိုက်တာ။
ချန်းယုနဲ့ အရမ်းဝေးဝေးကို တုန်ချောင်းမသွားရဲလေဘူး။ ဒီအနက်ရောင်အရှိန်အဝါရဲ့ပစ်မှတ်က သူကိုယ်တိုင်ဖြစ်နေတယ်ဆိုတာကို သူနားလည်လေတယ်၊ ဒါပေမဲ့ ချန်းယု အဲဒီအရှိန်အဝါရဲ့အမြန်နှုန်းကို သိသိသာသာလိုက်မမှီနိုင်လေဘူး။ သူသာအဝေးကိုပြေးသွားမယ်ဆိုရင်၊ ချန်းယု သူ့ကိုအချိန်မှီကယ်တင်နိုင်မှာမဟုတ်လေဘူး၊ ဒီတော့ သူမဘေးနားပတ်နေနေဖို့ သူဆုံးဖြတ်လိုက်လေသည်။ ဒါကိုတွေးမိတော့၊ သူ့လက်ထဲက ကာကွယ်ရေးအဆောင်ကို တုန်ချောင်းတင်းတင်းဆုပ်လိုက်ကာ၊ ချန်းယုနောက်နှစ်မီတာအကွာကို အကြောက်တရားနဲ့ရပ်နေလိုက်သည်။
BẠN ĐANG ĐỌC
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Lãng mạnမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...