အပိုင်း(၁၆):တတိယအစ်ကိုအိမ်ထဲခိုးဝင်ခြင်းလော့မင် စာကိုလက်ခံရရှိချိန် သူအခုလေးတင်စားသောက်ပြီးသွားတာဖြစ်လေသည်။ သူ့ဖုန်းကို သူအချိန်အကြာကြီး စိုက်ကြည့်နေလိုက်လေသည်။ သူ့နှလုံးသားထဲ အရမ်းထူးဆန်းတဲ့ခံစားချက်တစ်ခု ပြည့်လာလေတယ်၊ အဲဒီရောနှောနေတဲ့သဘောထားတွေကို ဖွဲ့ဆိုရန်ခက်ခဲနေလေသည်။
”ဟဲကျီ” လော့မင်ကြည့်လာလိုက်တော့ စားပွဲရှင်းလင်းနေတဲ့ ဟဲကျီရပ်သွားလေသည်။
”တတိယသခင်လေး?” ဟဲကျီ သူလုပ်နေတာကိုရပ်လိုက်ကာ တတိယသခင်လေးရဲ့ညွှန်ကြားချက်ကို စောင့်နေလိုက်လေသည်။
”အိမ်မှာစားလို့ရတာတစ်ခုခုရှိနေလား?” လော့မင်မေးလိုက်လေသည်။
”တတိယသခင်လေး၊ မင်းစားတာဗိုက်မပြည့်လို့လား?” ဟဲကျီ စားပွဲပေါ်က လက်ကျန်အစားအစာတွေကိုကြည့်ရင်း ဇဝေဇဝါဖြစ်တာကြောင့်မေးလိုက်လေသည်။
”မဟုတ်ဘူး၊ မေ့လိုက်တော့…” လော့မင်သက်ပြင်းချလိုက်လေတယ်၊ “မင်းအပြင်သွားပြီး စားစရာနဲ့ သောက်စရာအနည်းငယ်ဝယ်လာခဲ့။ မိန်းကလေးတွေကြိုက်လောက်မဲ့ စားစရာတစ်ခုခုဝယ်လာခဲ့လိုက်။”
မိန်းကလေးတွေ? ဘယ်သူလဲ? ဟဲကျီစိတ်ချောက်ချားသွားကာ သူ့မေးရိုးပြုတ်ကျသွားလေသည်။
လော့မင် ချန်ယုလာမှာကိုသိလေတယ် ဒီတော့ အစောတုန်းက သူလုပ်နေတဲ့သုသေတနကို ဆက်မလေ့လာလေတော့ဘူး။ ထိုအစား၊ သူစာအုပ်တစ်အုပ်ရှာကာ အဲ့တာကို ဧည့်ခန်းထဲထိုင်ရင်းဖတ်နေလိုက်သည်။ သူတစ်ဝက်လောက်ဖတ်ပြီးသွားတဲ့အချိန်မှာပဲ၊ ဟဲကျီက ကော်ဖီစားပွဲတစ်ဝက်လောက်ကို သရေစာမျိုးစုံနဲ့ဖြည့်ထားလေတော့သည်။ လာမယ်လို့ပြောထားတဲ့သူသာ အရင်ပေါ်လာရန်လိုအပ်လေတော့သည်။
လော့မင်အချိန်ကိုကြည့်လိုက်ပြီး ၁၀နာရီနီးပါးရှိနေပြီဆိုတာကို ရှာတွေ့လိုက်လေသည်။ ဒီအချိန်တောင်ရောက်နေပြီ၊ အဲဒီမိန်းကလေး ဒီနေ့မလာလောက်တော့ဘူး။ မိန်းကလေး သူမမိသားစုနဲ့စကားပြောနေရင်း ဒီကိုလာရန်မေ့သွားတာဖြစ်မယ်လို့ လော့မင်ယူဆလိုက်လေသည်။ အဆုံးမှာတော့၊ အားလပ်ရက်ကစ၍ ဒါကသူမရဲ့ပထမဆုံးအကြိမ် အိမ်ပြန်လာတာဖြစ်လေသည်။ ချန်းမိသားစုက သူတို့သမီးကိုမတွေ့ရတာ အချိန်အတော်ကြာခဲ့လေပြီ။
VOUS LISEZ
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Roman d'amourမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...