အပိုင်း(၅၂.၁):စိတ်ထိခိုက်နေသောကြေးဓား
“ရှီရှီ၊ ပေါက်ကရတွေမပြောနဲ့။” လော့မင် ချန်းယုအား အကူအညီမဲ့သလို ကြည့်လာလိုက်လေသည်။
သေတ္တာကိုဖက်ရင်း၊ ခေါင်းငုံ့ကာ ကျိတ်ရယ်နေရင်း တတိယသခင်လေးကို ထျန်းဖေမကြည့်ရဲလေတော့ဘူး။ ဟေ့-ဟေ့...အဲဒီ ‘အသားယူတယ်ဆိုတာ’ ဘာကိုပြောချင်တာလဲ?
ချန်းယု ကျီစယ်သည့်အနေဖြင့် လျှာထုတ်ပြလိုက်ပြီး ပြောလာတာက၊ “စတာပါ၊ အစက ကြေးဓားညီမကိုမုန်းတာက သူနဲ့တိုက်ခဲ့တာကြောင့်လို့ထင်နေခဲ့တာ၊ ဒါပေမဲ့ အခုတော့၊ သူ သူ့သခင်ကို ကာကွယ်ပေးနေတယ်လို့ ညီမထင်တယ်။ ညီအဘိုးပြောတာ မှော်လက်နက်တွေမှာ ဝိညာဉ်တွေရှိပြီး သူတို့သခင်ကို သူတို့ကိုယ်တိုင်ရွေးချယ်ကြတာတဲ့၊၊ ကြေးဓားရဲ့စွမ်းအင်က မကောင်းမှုစွမ်းအင်ကလာတာ၊ ဒီတော့ ဒီကမ္ဘာမှာ အစ်ကိုကလွဲပြီး ပြင်းထန်တဲ့မကောင်းမှုစွမ်းအင်ရှိတဲ့အခြားတစ်ယောက်မရှိနိုင်လောက်တော့ဘူး။ ဒီကြေးဓား တတိယအစ်ကိုကိုမြင်တော့၊ အစ်ကို့ကို သခင်အဖြစ်အသိအမှတ်ပြုချင်နေတာနေမှာ။”
“ပြီးတော့၊ အဲဒီနေ့က အစ်ကို့မကောင်းမှုဝိညာဥ်ကို ညီမချိပ်ပိတ်ပေးခဲ့တာလေ၊ ဒီတော့ သူ့သခင်ကိုကာကွယ်ပေးဖို့ ကြေးဓားကညီမကို ရန်သူအဖြစ်သတ်မှတ်ထားတာနေမှာ။”
ချန်းယု ပြောလိုက်ရင်း၊ လော့မင်အနား ကပ်လာလိုက်လေသည်။ ကြေးဓားတုန်ယင်လာလေပြန်တယ်။ ချန်းယုချက်ချင်းစိတ်လှုပ်ရှားလာလေတယ်၊ “ကြည့်၊ ကြည့်၊ ညီမအစ်ကို့နားကပ်လာတာနဲ့ အဲ့တာက ချက်ချင်းဒေါသထွက်လာတာ။ သူ့သခင်ကို သူကာကွယ်ပေးနေတာပဲဖြစ်ရမယ်။”“ငြိမ်လိုက်!” အဆက်မပြတ်လှုပ်ယမ်းနေတဲ့ ကြေးဓားကို လော့မင်ရိုက်လိုက်တော့၊ လိမ်မာတဲ့ကလေးတစ်ယောက်လို ချက်ချင်းတိတ်ဆိတ်သွားလေသည်။
“တကယ်ပဲ အစ်ကိုပြောတာနားထောင်တာပဲ။ အဲ့တာက ညီမသံလိုက်အိမ်မြှောက်ထက် ပိုတောင်လိမ်မာနေတာပဲ။” ချန်းယုပြောပြီးသွားတာနဲ့ သူမအိတ်ထဲက သံလိုက်အိမ်မြှောက် မကျေမနပ်တုန်ခါလာလေတော့သည်။
![](https://img.wattpad.com/cover/277268277-288-k782124.jpg)
BẠN ĐANG ĐỌC
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Lãng mạnမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...