အခန်း(၁၂): ထိခိုက်မိခြင်း
နောက်တနေ့မှာ၊ အဆောင်မီးပိတ်သွားတာနဲ့၊ ချန်းယု ကျောပေါ်မှာ သူမအဝတ်အိတ်ကိုလွယ်ရင်း အဆောင်ကနေထွက်လာလိုက်သည်။ စစ်စခန်းက ကင်းလှည့်နေတဲ့အမျိုးသားတွေကို သူမရှောင်ကာ နံရံပေါ်ကိုခုန်လိုက်လေသည်။
ငါးမိနစ်လောက်ပြေးသွားပြီးနောက်၊ လမ်းဆုံ၌တက္ကစီတစ်စီးရပ်ထားတာကို ချန်းယုမြင်လိုက်လေသည်။ သူမတံခါးကိုဖွင့်ပြီး အဲ့ကားထဲထိုင်ချလိုက်လေသည်။
”ဦးလေး၊ ရှောင်းဟန်တောင်ကိုသွားမယ်။” ချန်းယုအွန်းလိုင်ပေါ်ကနေ ဒီကားကို နှစ်နာရီကြိုတင်ခေါ်ထားခဲ့တာဖြစ်လေသည်။ သို့မဟုတ်ပါက၊ ည၌ ဆင်ခြေဖုံးနေရာမှာ တက္ကစီတစ်စီးရှာရဖို့ ခက်ခဲလိမ့်မည်ဖြစ်လေသည်။
”အိုကေ” တက္ကစီမောင်းသူက သူ့ကားကိုစတင်မောင်းနှင်လိုက်ပြီး ဦးတည်သွားရမယ့်နေရာကို မောင်းနှင်လာခဲ့လေသည်။ ၁၀နာရီကျော်နေပြီဖြစ်တာကြောင့်၊ မြို့တော်မှာ ယာဉ်အသွားအလာပြွတ်သိပ်မနေလေဘူး။ ရှောင်းဟန်တောင်ကို ကားရောက်သွားတော့၊ ချန်းယုမျှော်လင့်ထားတာထက် ၁၀မိနစ်ပိုစောနေလေသည်။
“ဦးလေး၊ ကျွန်မကိုတစ်နာရီလောက်စောင့်ပေးလို့ရမလား။ ကျွန်မတစ်နာရီကျရင်ဆင်းလာခဲ့မယ်။” ချန်းယု ပြောလာလိုက်သည်။
“ဒါဆို ငါသွားနှင့်ပြီး တစ်ခုခုစားဖို့သွားလိုက်ဦးမယ်။ တစ်နာရီလောက်နေရင် ငါမင်းကိုလာခေါ်လိုက်မယ်။” သူတို့ရောက်သွားတော့၊ ဒါရိုက်ဘာက သူ့ရှေ့မှာ စားသောက်ဆိုင်အသေးလေးတစ်ခုရှိနေတာကို မြင်လိုက်လေသည်။ သူကအနည်းငယ်ဗိုက်ဆာနေလေသည်။ သူအဲ့ကိုသွားပြီး စားဖို့တစ်ခုခုလိုချင်လေသည်။
”အိုကေ” ဒါရိုက်ဘာ လက်ရှိမှာ မရှိနေရင် အကောင်းဆုံးဖြစ်လေသည်။ ယင်စွမ်းအား၏အလယ်ဗဟိာနဲ့ တော်တော်ကလေးဝေးနေသေးပေမဲ့လည်း၊ အချိန်းအနည်းငယ်လောက်တိုက်ခိုက်ပြီးရင်၊ ဒီမှာတစ်ယောက်ယောက်ရှိနေတာကို မလိုမုန်းထားသရဲသတိထားမိပြီး ပြေးလာရင် တော်တော်လေးဒုက္ခရောက်နိုင်လေသည်။
أنت تقرأ
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
عاطفيةမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...