အပိုင်း(၁၅):နတ်ဆိုးပေါက်စ

2.6K 356 1
                                    


အခန်း(၁၅):နတ်ဆိုးအသေးလေး

  ချန်းယု သရဲကောင်းက ရုတ်တရက်မကောင်းမှုထဲထိုးကျသွားတာကို မြင်လိုက်ရပြီး ရုတ်တရက်တိုက်ခိုက်ဖို့ အင်အားလုံးဝမရှိတော့လေဘူး။ အစတုန်းက၊ ကလေးငယ်က ဒီဘဝမှာ မမျှော်လင့်ဘဲ သေဆုံးသွားခဲ့ရတာဖြစ်လေသည်။ နောက်ဘဝမှာ၊ သူက ကောင်းမွန်တဲ့ကလေးတစ်ဦးဖြစ်လာမှာဖြစ်လေသည်။ ဒါပေမဲ့ သူမသာ သူ့ကိုမြေအောက်လောကဆီလမ်းညွှန်ပေးလိုက်မယ်ဆိုရင်၊ သူနောက်ဘဝမှာ ဘယ်လိုလုပ်ကလေးကောင်းဖြစ်လာတော့မှာလဲ။

  ”နင်သူ့ကိုဘာတွေလုပ်ချလိုက်တာလဲ?” ချန်းယုရဲ့အသံက အေးစက်နေလေသည်။

  ”သူ… သူအဲ့မှာရှိနေတုန်းလား?” ကျန်းဝမ်ဝမ် ဖြုဖျော့ဖျော့မျက်နှာနဲ့ပြောလာလေတယ်၊ “အဲ့တာသူပဲ။ ငါ့ကိုစကားပြောခွင့်မပေးတာက အဲဒီနတ်ဆိုးပေါက်စပေါ့လေ၊ ဟုတ်လား?”

  ”ဟုတ်တယ်၊ သူက နင့်ပါးစပ်ကို သူ့လက်တွေနဲ့အုပ်ထားတာ။” ချန်းယု ရိုးရိုးရှင်းရှင်း အမှန်ကိုပြောလာလိုက်သည်။ ဘာပဲဖြစ်ဖြစ်၊ ကျန်းဝမ်ဝမ်ကိုယ်တိုင် ဒီကပ်ဘေးကိုဖြစ်စေခဲ့တာဖြစ်လေသည်။

  ”မြန်မြန်သူ့ကိုသတ်လိုက်၊ သူ့ကိုသတ်လိုက်။” ကျန်းဝမ်ဝမ် သူ့လက်တွေနဲ့သူမပါးစပ်ကိုအုပ်ထားတဲ့ သူမပုခုံးပေါ်ကရေနစ်တဲ့သရဲကိုတွေးမိတော့၊ သူမသေလောက်အောင်ကြောက်လန့်နေမိလေသည်။

  ချန်ယု ကျန်းဝမ်ဝမ်ပုခုံးပေါ်က ကောင်ကလေးကိုကြည့်လိုက်တယ်၊ သူမကိုသတိအနေအထားတဲ့‌စောင့်ကြည့်နေတဲ့ ကောင်ကလေးကိုပေါ့။ အဲဒီအချိန်၌၊ ကျန်းဝမ်ဝမ်ရဲ့စကားတွေကို သူကြားသွားတော့ သူ့တစ်ကိုယ်လုံးက အနက်ရောင်စွမ်းအင်ဖျော့ဖျော့ထုတ်လွှင့်လာသလိုမျိုး ရုတ်တရက်ပြောင်းလဲလာလေသည်။

  ”ပါးစပ်ပိတ်နေ!” ချန်းယု ကျန်းဝမ်ဝမ်ကို အော်ရင်း‌နှောက်ယှက်လိုက်လေတယ်၊ “နင်ထပ်အော်မယ်ဆိုရင်၊ ယုံချင်ယုံမယုံချင်နေ၊ သူကနင့်ပါးစပ်ကော နှာခေါင်းကိုပါပိတ်လာလိမ့်မယ်။”

  သူမပါးစပ်ကော နှာခေါင်းကိုပါအပိတ်ခံရမယ်ဆိုရင်၊ သူမမွန်းပြီးသေသွားမှာမဟုတ်ဘူးလား? ဒါကိုသဘောပေါက်သွားတော့၊ ကျန်းဝမ်ဝမ်ရဲ့အော်ဟစ်သံတွေက တစ်ယောက်ယောက်စို့ပိတ်တာကို ခံလိုက်ရတဲ့အတိုင်းဖြစ်သွားလေသည်။ သူမ ကြောက်လန့်နေတဲ့မျက်ဝန်းတစ်စုံနဲ့ကြည့်လာကာ အသံနောက်ထပ်မထွက်ရဲလေတော့ဘူး။ 

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】Donde viven las historias. Descúbrelo ahora