အပိုင်း(၇၄.၁):မကောင်းမှုစွမ်းအင်ခွဲထုတ်ခြင်း
ချန်းယုထပ်မံနိုးလာချိန်၊ ညနေခင်းတောင်ရောက်နေလေပြီ၊ အဘိုးဝူက လော့မင်နဲ့ GOကစားနေရင်း သိပ်မဝေးတဲ့နေရာ၌ထိုင်နေလေတယ်။
"ရှီရှီ၊ မင်းနိုးပြီပဲ။" လော့မင်၊ သူ့လက်ချောင်းထိပ်တွေထဲ အဖြူရောင်chessအပိုင်းအစအားကိုင်ထားရင်း၊ သူ့ခေါင်းကိုတစ်ဖက်လှည့်လာပြီး ချန်းယုကိုပြုံးပြလာလေတယ်။
"အင်း!" ချန်းယု စောင်ကိုဖက်ထားရင်း ဆိုဖာပေါ်ကထထိုင်လိုက်လေသည်။ သူမပျင်းကျောဆန့်လိုက်မလို့၊ ဒါပေမဲ့ သူမကိုယ်က အနည်းငယ်ကွဲပြားနေတာကို သူမခံစားနေရလေသည်။ အဲ့တာက သူမကိုယ်ထဲ စွမ်းအင်အများအပြား စီးဆင်းနေတဲ့အတိုင်းပဲ။ ချန်းယု မျက်တောင်ခပ်လိုက်ပြီး သူမကိုယ်ထဲကစိတ်စွမ်းအင်ကို တွန့်ဆုတ်တွန့်ဆုတ်နဲ့စုစည်းကြည့်လိုက်လေသည်။
အဖိုးဝူက လော့မင်လှုပ်ရှားမှုပြုလုပ်လိုက်လိုက်ပြီးနောက်၊ အချိန်အကြာကြီးစဉ်းစားပြီးတာနဲ့ သူ့chessအပိုင်းအစကို နေရာချလိုက်တော့မလို့၊ ထိုအချိန်၌ သူ့မြေးရဲ့ ထိတ်လန့်တကြားအော်ဟစ်သံကို ကြားလိုက်ရလေတော့သည်။ သူအရမ်းထိတ်လန့်သွားကာ ကျားကွက်တစ်ဝက်ကို တိုက်ချပစ်လိုက်မိလေတယ်။
"ဘာလို့အော်နေရတာလဲ? မင်းအော်လိုက်လို့အားလုံးရှုပ်ပွကုန်ပြီ။" အဘိုးဝူ စိတ်အနှောက်အယှက်ဖြစ်သွားဟန်ဆောင်ကာ ဆူငေါက်လိုက်လေတယ်။
ကျားကွက်ကစားနေတာ ပျက်သွားကုန်တာကို လော့မင်က တိတ်တိတ်လေး ကြည့်နေလိုက်လေသည်။ သို့သော်၊ သူ့စိတ်ပိုင်းဆိုင်ရာဉာဏ်ရည်က အတော်လေးမြင့်မားတာကြောင့် အဘိုးဝူအား မဖော်ထုတ်လိုက်လေဘူး။
"အဘိုး၊ တတိယအစ်ကို၊ ညီမစိတ်စွမ်းအင်ထပ်ပြီးစီးဆင်းနေပြီ။" ချန်းယုဆိုဖာပေါ် စိတ်လှုပ်တရှား ခုန်ပေါက်လိုက်လေတော့သည်။
"ငါသိပါတယ်၊ ခုန်နေတာရပ်တော့။" အဖိုးဝူ အမြင်ကပ်နေလေတယ်။
အဖိုးဝူငေါ့နေတာကို လျစ်လျူရှုထားလိုက်ပြီး၊ လော့မင်နားကို ချန်းယုပြေးလာလိုက်ပြီး ပျော်ပျော်ရွှင်ရွှင်ပြောလာလေတယ်၊ "တတိယအစ်ကို၊ ညီမစိတ်စွမ်းအင်ကို ထပ်အသုံးပြုလို့ရပြီ၊ နောင်ကျရင် အစ်ကို့မကောင်းမှုဝိညာဉ်ကို ညီမချိပ်ထပ်ပိတ်ပေးလို့ရပြီ။"
YOU ARE READING
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Romanceမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...