အပိုင်း(၆၁.၂):အနမ်း
“စားပစ်တယ်?”
စားပစ်တယ်ဆိုတာက ဇွန်ဘီးတစ်ကောင်ရဲ့မကောင်းမှုစွမ်းအင်ကို နောက်ဇွန်ဘီးတစ်ကောင်က စုပ်ယူပစ်တာကိုပြောချင်တာပဲ။ သို့ဖြစ်၍၊ အချင်းချင်းသတ်ဖြတ်ကြရင်း အဲဒီဇွန်ဘီးရဲ့စွမ်းအားကို အမွေဆက်ခံခွင့်ရမှာဖြစ်လေသည်။
တတိယအစ်ကိုရဲ့မကောင်းမှုဝိညာဉ်က နှစ်တစ်ထောင်သက်တမ်းရှိတဲ့ဇွန်ဘီးတစ်ကောင်ရဲ့စံချိန်မှီနိုင်ပေမဲ့၊ အချုပ်အရဆို သူကလူသားဖြစ်နေသေးလေတယ်။ ဘယ်လို....
“သူအဲဒီဘက်ကိုပြေးသွားတာလား?” ချန်းယုအလောတကြီးမေးလိုက်လေသည်။
“အဲဒီဘက်။” လော့မင်အစောနတုန်းကပြေးသွားတဲ့ဘက်ကို ယန်ချင်းလက်ညှိုးထိုးပြလိုက်လေသည်။
ချန်းယု သူမသံလိုက်အိမ်မြှောင်ကိုထုတ်ပြီး လော့မင်ရှိရာဦးတည်ဘက်ကိုရှာရန် အသုံးပြုချင်နေလေတယ်၊ ဒါပေမဲ့ သေချာပေါက် လော့မင်အရမ်းအဝေးကြီးကို ပြေးသွားခဲ့တာဖြစ်နိုင်လေတယ်၊ ဒီတော့ သံလိုက်အိမ်မြှောင် တုံ့ပြန်ချက်မပေးလာလေဘူး။
“အဲဒီဇွန်ဘီးကိုနင်ရှာနေတာလား?” ချန်းယု သူမသဲလိုက်အိမ်မြှောင်ကိုထုတ်ကာ သူ့(လော့မင်)တည်နေရာကို စစ်ဆေးကြည့်လိုက်တယ်လို့ ယန်ချင်းခန့်မှန်းမိလိုက်လေသည်။ “မသွားတာပိုကောင်းမယ်နော်။ ငါတို့လိုက်ဖမ်းနေတဲ့ အဲဒီဇွန်ဘီးမှာ အနည်းဆုံးနှစ်ရှစ်ရာကျော်သက်တမ်းရှိတယ်၊ ဒီတော့ ဆိုလိုချင်တာက သူ့မှာ(လော့မင်) နှစ်တစ်ထောင်ကျင့်ကြံရေးရှိနေနိုင်တယ်၊၊ နှစ်တစ်ထောင်ဇွန်ဘီးကို ငါတို့မနိုင်နိုင်ဘူး။”
သူမကိုအာရုံစိုက်နေဖို့ ချန်းယုမှာအချိန်မရှိနေလေဘူး။ လော့မင်ထွက်သွားတဲ့ဘက်ကို ချန်းယုခြေလှမ်းအနည်းငယ်လှမ်းထွက်လာလိုက်လေသည်။ အဲဒီအချိန်၌၊ သူမသံလိုက်အိမ်မြှောက်ထဲကို စိတ်စွမ်းအင်ထည့်သွင်းလိုက်လေသည်။ အဲ့တာက နှစ်ကြိမ် တဝီဝီမြည်လာလေတယ်၊ ဒါပေမဲ့ လော့မင်ရှိရာနေရာကို သူမထောက်လှမ်းနိုင်နေလေဘူး။
ချန်းယုအကြံကုန် ဉာဏ်ကုန်ဖြစ်နေချိန်လေးမှာ၊ ယန်ချင်းပြောလာတာကို သူမကြားလိုက်လေတယ်၊ “အရှေ့တောင်ဘက် နှစ်ကီလိုမီတာအကွာမှာ ဇွန်ဘီးရှိနေတယ်။”
VOCÊ ESTÁ LENDO
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Romanceမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...