အပိုင်း(၂၇.၂):နှုတ်ဆက်ပါတယ် ဇွန်ဘီး
စံအိမ်ထဲ ဟဲကျီကို ချန်းယုအတူတူခေါ်လာလိုက်လေတယ်၊ ပြင်ပကကြည့်ရတာ တန်ဖိုးကြီးတယ်လို့မြင်နေကပေမဲ့လည်း၊ အထဲမှာတော့ ပစ္စည်းတော်တော်များများမရှိနေလေဘူး၊ ဒီမှာနေတဲ့သူ အများကြီးမရှိနေဘူးဆိုတာ မင်းပြောနိုင်လေသည်။
“ကောင်းကင်ဘုံဆရာချန်း၊ မင်းပြင်ဆင်တာအတွက် အကူအညီများလိုအပ်နေသေးလား?” ကျန်ဟွေလျှောက်လာကာ ပြောလိုက်လေသည်။
“မလိုပါဘူး။” ချန်းယုပြောကာ သေတ္တာထဲက နက်နဲသိမ်မွေ့တဲ့တိုက်ခိုက်ရေးအဆောင်တချို့ထုတ်ယူလိုက်ပြီး သူမအိတ်ကပ်ထဲထည့်ထားလိုက်လေသည်။ သူမအဝတ်အိတ်ကို သူမမယူလာခဲ့လေဘူး၊ တကယ်ကိုအဆင်မပြေဘူးပဲ အာ။
အဆောင်တွေကို လုံလုံခြုံခြုံထည့်ပြီးနောက်၊သံလိုက်အိမ်မြှောင် စွမ်းအင်လုံလောက်ရဲ့လားဆိုတာ သူမထပ်ပြီးစစ်ဆေးလိုက်လေသည်။ သူမလှည့်လိုက်ပြီး သူမနောက်ကလူတွေကိုပြောလိုက်လေတယ်၊ “နောက်ပိုင်း အဲဒီ အသက်ရှိ… အဲဒီမွန်းစတားလာရင်၊ ရှင်တို့နှစ်ယောက် အဝေးနေဖြစ်မယ်၊ ရှင်…”
တုန်ချောင်းတစ်ယောက်ထဲကို ချန်းယုလက်ညှိုးထိုးလိုက်ပြီး အမိန့်ပေးလိုက်လေတယ်၊ “ငါ့နောက်လိုက်ခဲ့၊ ငါနဲ့ဝေးဝေးကိုမသွားနဲ့။”
“ငါတတ်နိုင်သလောက် ပုန်းနေရမှာမဟုတ်ဘူးလား?” သူအသက်ရှိဝိညာဉ်တုန်းက မှတ်ဉာဏ်တွေကို မမှတ်မိတော့လေတာကြောင့်၊ ချန်းယုသူ့ကိုကာကွယ်ပေးတဲ့ မြင်ကွင်းကို တုန်ချောင်းမမှတ်မိလေတော့ဘူး။ ဒုတိယဦးလေး သူ့ကိုကာကွယ်ဖို့ လူတွေရှာပေးတာကိုသာ သူမှတ်မိလေတယ်၊ အခြားသူတွေကိုခေါ်ပြီး မတိုက်ခိုက်ခင် မွန်းစတားနဲ့ဝေးဝေးကို သူ့ကိုထားထားကြလေတယ်၊ မွန်းစတားသူ့ဆီချည်းကပ်လာမှာကို လုံးဝခွင့်မပြုလေဘူး၊ ဒါကြောင့် ချန်းယုစီစဉ်နေတာက သူ့အတွက် အနည်းငယ်ထူးဆန်းနေလေသည်။
“ငါ့အမြန်နှုန်းက အဲဒီမွန်းစတားလောက်မကောင်းဘူး၊ နင်သာအရမ်းဝေးသွားမယ်ဆိုရင်၊ ငါနင့်ဆီမရောက်ခင် နင်သေသွားလိမ့်မယ်၊ ဒါဆို နင့်ပိုက်ဆံ ငါပြန်အမ်းမပေးနိုင်ဘူး။” ချန်းယုပြောလိုက်လေသည်။
![](https://img.wattpad.com/cover/277268277-288-k782124.jpg)
VOCÊ ESTÁ LENDO
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Romanceမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...