အပိုင်း(၆၇.၁):ဝိညာဉ်ဆင့်ခေါ်ခြင်းခေါင်းလောင်း
သရဲဘုရင်နဲ့ တိုက်ခိုက်နေတဲ့လုနင်၊ ရုတ်တရက်ပေါ်လာတဲ့သံလိုက်အိမ်မြှောင်ကိုမြင်ပြီး သူခေါင်းကိုတအံ့တဩလှည့်ကြည့်လိုက်ကာ: “တာအိုမိတ်ဆွေချန်း!”
လူရွယ်ရဲ့ပျော်ရွှင်နေတဲ့အမူအရာကို မြင်လိုက်တော့၊ ချန်းယု သူမလက်ကိုမြှောက်ကာ သံလိုက်အိမ်မြှောင်ကိုပြန်ခေါ်လိုက်ပြီး လော့မင်ကိုတိုးတိုးလေးပြောလာလိုက်တယ်၊ “အခုထွက်သွားမယ်ဆိုရင် မကြင်မနာဖြစ်သွားနိုင်လား?”
“ဒါက သရဲဘုရင်လား?” အရင်တကြိမ်သရဲဘုရင်ကို သူတို့မြင်တွေ့ခဲ့တုန်းက၊ လော့မင်ရဲ့ ယင်ယန်မျက်လုံးတွေကို ချိပ်မဖြည်ရသေးလေဘူး၊ ဒီတော့ သရဲဘုရင်ရဲ့အသွင်အပြင်ကိုမြင်တွေ့ဖူးတာဟာ ဒါသူ့အတွက်ပထမဆုံးအကြိမ်ဖြစ်လေသည်။
သရဲဘုရင်၏ကြီးမားသောကိုယ်ကြီးက လေထဲပျံနေတယ်။ ကြမ်းခင်းတစ်ခုလို သူ့ကိုယ်ထည်က ပြန့်ကားလာပြီး၊ ပါးစပ်အကျယ်ကြီးဟကာ၊ သူ့ဘေးနားကသရဲတွေကို ဝါးမျိုနေလေတော့သည်။ သူ့သွေးနီရောင်မျက်ဝန်းတွေက၊ တောက်ပနေတဲ့မီးအိမ်နီတစ်စုံလိုမျိုး ထင်ရှားနေကာ၊ အထူးသဖြင့် ညနက်ထဲ ထိုးဖောက်နေလေတော့သည်။
“ဟုတ်!” ချန်းယု သူမကိုယ်ထဲက စိတ်စွမ်းအင်ကို ခံစားမိနေလေသည်။ သူမကိုယ်ထဲကစိတ်စွမ်းအင်က သုံးပုံတစ်ပုံသာပြန်ပြည့်နေလေတယ်။ သူတို့က မြို့တော်မှာမဟုတ်လေဘူး၊ ဒီတော့ အဆောက်ဦးသေးလေး၏စိတ်စွမ်းအင်အကျိုးကျေးဇူးမရှိလေတော့၊ ချန်းယုရဲ့စိတ်စွမ်းအင်ပြန်လည်သက်သာတဲ့နှုန်းထားက နှေးကွေးနေလေတော့သည်။
ဝါးမျိုခံလိုက်ရတာတွေက တစ်ကိုယ်တော်ဝိညာဉ်တွေဖြစ်နေပေမဲ့၊ သူတို့ဝါးမျိုခံနေရတာကို လော့မင်ရပ်ကြည့်မနေနိုင်လေဘူး။ သူတွန့်ဆုတ်သွားပြီးနောက်၊ ရှေ့ကိုသွားလိုက်တော့မလို့။
“တတိယအစ်ကို၊ အစ်ကိုဘာလုပ်နေတာလဲ?” လော့မင်လက်မောင်းကို ချန်းယုဆွဲထားလိုက်လေသည်။
“ဒီမှာကိုယ့်ကိုခဏစောင့်နေ။ သရဲဘုရင်ကို ကိုယ်သွားရင်ဆိုင်လိုက်မယ်။” လော့မင်ပြောရင်း သူ့လက်ပေါ်ကကျောက်စိမ်းချိပ်ကိုဖြည်ရန်လှုပ်ရှားလိုက်လေသည်။
YOU ARE READING
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Romanceမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...