အပိုင်း(၄၆.၁):အိပ်စက်ခြင်း

2.1K 302 2
                                    

အပိုင်း(၄၆.၁):အိပ်စက်ခြင်း

“တတိယသခင်လေး!”

“တတိယသခင်လေး!”

အစောင့်တွေ၊ အဆောက်အဦးအသေးလေးကနေ ပြေးလာတဲ့သူတွေနဲ့၊ သရဲဘုရင်နဲ့ရင်ဆိုင်ဖို့ ချန်းယုကို ကူညီပေးခဲ့တဲ့ လက်ထောက်များ၊ အာလုံးပြေးလာကြလေတော့သည်။  

လော့မင်ရှိရာဆီ ပထမဆုံးရောက်လာတဲ့သူက ချန်ပင်းဖြစ်လေသည်။ လော့မင်ရဲ့အဝတ်အစားပေါ်က ဖျော့တော့တော့ဆီးနှင်းဖြုကို သူမြင်လိုက်ချိန်၊ မျက်ဖြုဆိုက်ကာ အားနည်းသွားလေသည်။ 

“လမ်းဖယ်ပေး!” ကြောင်ငေးနေတဲ့ချန်းယုကို ချန်ပင်းတွန်းလိုက်လေသည်။ အခြားလက်ထောက်တွေ အမြန်ပြေးလာကာ၊ လော့မင်၊ လုံးလုံးမလှုပ်ရှားတော့တဲ့သူ့ကို၊ လူအများအပြား ပြန်သယ်သွားကြလေသည်။

ချန်းယု သတိလက်လွတ်အတွန်းခံလိုက်ရလေသည်။ လက်ထောက်ချန်ကို ဘာကြောင့်ရုတ်တရက်တွန်းရလဲလို့ စိတ်တိုတိုမေးမယ့်အစား၊ သူမလက်တွေကို ဖြည်းဖြည်းချင်းဖြန့်လိုက်လေသည်။ သူမအမြင်ထဲ သူမဖြုနေတဲ့လက်ဖဝါးတွေက နီရဲနေလေပြီး၊ သူမရဲ့အကြောတွေကနေ သူမဦးနှောက်ဆီ အေးစက်နေတဲ့ထိတွေ့မှုက ဖြတ်ဝင်လာနေသေးလေသည်။ 

ဒီလက်နှစ်ဖက်လုံးက တတိယအစ်ကိုကို အခုလေးတင် ဖက်ထားခဲ့တာဖြစ်လေတယ်။

ချန်းယု သတိပြန်ဝင်လာကာ၊ သူမခြေထောက်တွေကိုဆန့်လိုက်ပြီး၊ အဆောက်အဦးအသေးလေးရှိရာဦးတည်ဘက်ကို ပြေးသွားလိုက်လေသည်။

“မိန်းကလေးချန်းယု။” သူမစပြေးလိုက်ချိန် ဟဲကျီ သူမကိုအမှီလိုက်လာပြီး တားလိုက်လေသည်။

“လက်ထောက်ဟဲ၊ တတိယအစ်ကို၊ တတိယအစ်ကို၊ သူ…”

“မိန်းကလေးချန်းယု၊ အခုတော့ တတိယသခင်လေး အဆင်ပြေသွားပါလိမ့်မယ်။” ဟဲကျီနှစ်သိမ့်လိုက်လေသည်။

“ကျွန်မသူ့ကိုသွားကြည့်ချင်တယ်။” ချန်းယု စိတ်လောနေလေသည်။ လူတစ်ယောက်ရဲ့ကိုယ်အပူချိန်က ဘယ်လိုလုပ် ဒီလောက်တောင် နည်းနေရတာလဲ?

“မင်းမဝင်သွားခင်၊ တတိယသခင်လေးကို တစ်ခုကူညီပေးပါ။” ဟဲကျီ ရုတ်တရက်ပြောလိုက်လေသည်။

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】Onde histórias criam vida. Descubra agora