အပိုင်း(၉၂.၂)
မိုင်တစ်ထောင်လောက်ကွာဝေးတဲ့၊ ချီလျန်တောင်တန်း၌။
ရုတ်တရက်ကြီးအသက်ဝင်လာတဲ့ဝိညာဉ်စုဆုံရာစင်မြင့်ကို အဘိုးဝူက စိတ်ရှုပ်ထွေးနေလျက် ကြည့်လာလေတယ်။ ချန်းယုကို သူကောက်ရချိန်တုန်းက၊ သူမက ဝိညာဉ်နှစ်ခုဆုံးရှုံးပြီးသွားလေပြီ၊ ဒါပေမဲ့ သူကမှော်နည်းပညာတွေကိုသုံးပြီး အဲဒီဝိညာဉ်နှစ်ခုကို ချက်ချင်းပြန်ယူခဲ့တာ။
ချန်းယုရဲ့ အင်မော်တယ်ဝိညာဉ်သုံးခုနဲ့ မော်တယ်ပုံစံခုနစ်ခုက အကောင်းတိုင်းရှိနေတုန်းပဲ။ ဒီအရာက သူလုံးဝသေချာနေတဲ့အရာတစ်ခုပဲ၊ ဒါပေမဲ့ ဘာလို့ ဝိညာဉ်စုဆုံရာစင်မြင့်က အသက်ဝင်လာရတာတုန်း?
"အဘိုး၊ ဘာတွေဖြစ်နေတာလဲ?" ချန်းယုက ကြောက်ရွံမှုကင်းမဲ့နေလေတယ်၊ စိတ်ဝိညာဉ်စုဆုံရာစင်မြင့်က ထုတ်လွှတ်လာတဲ့စွမ်းအင်က မပြင်းထန်နေတာကြောင့် ချန်းယုက နေရခက်သလိုမခံစားနေရလေဘူး။
"ဝိညာဥ်စုဆုံရာအစီရင်ကို မင်းအသက်သွင်းလိုက်မိတာ၊" အဘိုးဝူက ပြန်ဖြေပေးလာလေတယ်။
"ကျွန်မက?" ချန်းယုမှာ ဇဝေဇဝါဖြစ်နေလေတယ်၊ "ကျွန်မ ဘာမှမလုပ်လိုက်မိဘူးလေ၊"
"ဝိညာဥ်စုဆုံရာစင်မြင့်ထဲ စိတ်စွမ်းအင်ထည့်လိုက်တယ်မဟုတ်ဘူးလား?" အဘိုးဝူက မေးလာလိုက်လေတယ်။
"ကျွန်မ၊" ချန်းယု တောင့်ခဲသွားပြီးနောက်၊ အစောတုန်းက ဝိညာဉ်စုဆုံရာစင်မြင့်ကစိတ်စွမ်းအင်က သူမချွေးပေါက်တွေကနေ ခန္ဓာကိုယ်ထဲဖြတ်ဝင်လာတုန်းက၊ သူမအတွင်းစွမ်းအားစုစည်းတာကို မထိန်းထားနိုင်လိုက်ပုံပဲ။ အဲ့တာကြောင့်ဖြစ်နိုင်မလား? "ဒါဆိုကျွန်မဘာလုပ်သင့်လဲ?"
"ထိုင်ချလိုက်၊ မင်းစိတ်စွမ်းအင်ကိုလှည့်ပတ်လိုက်ပြီး အစီရင်ပြီးသွားတဲ့ထိစောင့်လိုက်၊" အဘိုးဝူက ညွှန်ကြားလာလိုက်လေတယ်။
"အို၊" ချန်းယုက သူမမျက်လုံးတွေကိုပိတ်ကာ ထိုင်ချလိုက်ပြီး၊ သူမကိုယ်ထဲကစိတ်စွမ်းအင်ကို လှည့်ပတ်လိုက်လေတယ်။
ဒီတကြိမ်မှာတော့၊ ဝိညာဉ်စုဆုံရာအစီရင်က အပြည့်အဝအသက်ဝင်လာလေပြီ။ အစီရင်အနီးနား၌ သိပ်သည်းတဲ့စိတ်စွမ်းအင်တွေက ဆက်တိုက်စီးဆင်းလျက်ရှိပြီး၊ အစီရင်ကိုဗဟိုပြုပြီး ဖောက်ထွင်းမြင်နိုင်တဲ့စိတ်စွမ်းအင်စက်ဝန်းတစ်ခုဖြစ်တည်လာကာ၊ အလယ်မှချန်းယုအား တင်းတင်းပတ်ထားလေတော့တယ်။
ESTÁS LEYENDO
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Romanceမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...