အပိုင်း(၇၅.၂):နှစ်သစ်ကူးအကြို
“အဲဒီအချိန်တုန်းက၊ အစ်ကို့ကိုကယ်တင်နေရင်း တားမြစ်နည်းပညာကို သမီးအသုံးပြုလိုက်တာ၊ ပြီးတော့ ဒီနည်းပညာက သမီးအပေါ် တိကျတဲ့တန်ပြန်သက်ရောက်မှုမျိုးရှိတယ်။ အဲဒီနေ့တုန်းက သမီးရုတ်တရက်မေ့လဲသွားခဲ့တာ အဲ့တာကြောင့်ပဲ။ တားမြစ်နည်းပညာအသုံးပြုလိုက်တာကို အဘိုးလည်း အာရုံခံမိလိုက်တယ်လေ၊၊ သမီးတန်ပြန်သက်ရောက်မှုခံစားရမှာကို သူစိုးရိမ်တာကြောင့် ဒီကိုလာပြီး သမီးကိုလာရှာလိုက်တာ၊ ပြီးတော့ သမီးကို ကုပေးခဲ့တာ။” ချန်းယုက အကျိုးအကြောင်းအား အတိုချုပ် ရှင်းပြလာလိုက်လေသည်။
“သမီးကို ကုသပေးတယ်?” အမေချန်းမှာ သံသယအချို့ ရှိနေသေးလေတယ်။
“တကယ်ပါ။ သမီးကိုသာ မကုသရသေးဘူးဆိုရင်၊ လူအိုကြီးက သူ့အခန်းထဲ လတ်လျားလတ်လျားနေပြီး တစ်နေ့လုံး ဂိမ်းဆော့နေဖို့ စိတ်ရှိနေဦးမယ်လို့ ထင်နေတာလား?” အင်တာနက်စွဲနေတဲ့ အဲဒီလူအိုကြီးကို တွေးမိလိုက်တိုင်း၊ ချန်းယုမနေနိုင်ဘဲ သူ့ကိုအပြစ်ပေးချင်နေလေတယ်၊ အဘိုးလို့ ခေါ်ဖို့ကိုတောင် မေ့သွားတော့တဲ့အထိပေါ့။
“...” အဖေချန်းနဲ့ အမေချန်း အကြည့်ချင်း ဖလှယ်လိုက်လေတယ်၊ နှစ်ဦးလုံး သူတို့မျက်ဝန်းတွေထဲ မယုံသင်္ကာဖြစ်နေတာကို မြင်တွေ့လိုက်ရလေသည်။ အဘိုးဝူ သူ့အခန်းထဲ တစ်ချိန်လုံးပုန်းအောင်းနေတာက အဆောင်လုပ်ရန် လေ့ကျင့်နေတာ မဟုတ်ဘဲ၊ ဂိမ်းဆော့နေလို့ကို?
“ဒီတော့ အစ်ကိုတို့ စိတ်ချလို့ရပါတယ်။ ညီမ လုံးဝအဆင်ပြေတယ်။” ချန်းယု ထပ်တလဲလဲပြောလာလေတယ်။
“ဒါဆို အနာဂတ်မှာ သမီးဗရုတ်ကျလို့ မဖြစ်ဘူးနော်။” အမေချန်း စိတ်ပူစွာ အမိန့်ပေးလာလေတယ်။
“အမေ၊ အမေ ဘာလို့သမီးကိုပဲပြောနေတာလဲ? အစ်ကို့ကိုကျ ဘာလို့မပြောရတာလဲ။ သူ့အဆောင်ကိုသာ သေချာယူသွားရင်၊ ဒီလိုကိစ္စတွေ ဖြစ်လာမှာမဟုတ်ဘူး။” ချန်းယု အပြစ်တွေကို ချန်းယန်ထံ တိုက်ရိုက်ပုံချလိုက်လေတော့သည်။
ချန်းလင်မယားက သူတို့အာရုံစိုက်နေတာကို ချက်ချင်းပြောင်းလိုက်ပြီး 'ပြဿနာကောင်' ကို ကြည့်လာကြလေတယ်။
أنت تقرأ
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
عاطفيةမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...