အပိုင်း(၃၈.၂): ဒါကdateလုပ်နေတာလား?
ချန်းယု တစ်ဆက်တည်း ဓာတ်ပုံအများအပြားရိုက်လိုက်လေပြီး သူမအတွက်သူမလည်း အနည်းငယ်ရိုက်ကူးလိုက်လေသည်။ လှည့်လိုက်တော့၊ ထျန်းဖေနဲ့ အခြားကိုယ်ရံတော်တွေ သိပ်မဝေးတဲ့နေရာမှာ ရပ်နေတာကို သူမမြင်လိုက်လေသည်။ သူမရုတ်တရက်အော်လိုက်လေတယ်၊ “လက်ထောက်ထျန်း၊ တတိယအစ်ကိုနဲ့ကျွန်မကို ဓာတ်ပုံရိုက်ပေးပါဦး။”
လက်ထောက်ထျန်း လျှောက်လာလေတယ်၊ ဒါပေမဲ့ ချန်းယုရဲ့ဖုန်းကိုယူရမဲ့အစား၊ သူ့အိတ်ကပ်ထဲကနေ selfie stick ကိုထုတ်ယူလိုက်ပြီး ချန်းယုထံလှမ်းပေးလိုက်ပြီး ပြောလိုက်လေတယ်၊ “မိန်းကလေးချန်းယု၊ ကျွန်တော့ဓာတ်ပုံရိုက်တဲ့အရည်အချင်းက မကောင်းလှဘူး၊ ဒီ selfie stick ကိုယူပြီး မင်းဘာသာမင်းပဲရိုက်လိုက်ပါ။”
နောက်နေတာပဲ၊ အာ၊ မင်းပုံရိုက်ပေးဖို့ တစ်ယောက်ယောက်ရှာနေတာနဲ့၊ ကိုယ့်ဘာသာရိုက်တဲ့ပုံ ဘယ်လိုလုပ်ယှဉ်လို့ရမှာလဲ။
မှန်နေတာပဲ၊ လော့မင်နဲ့ချန်းယု ကိုယ်ဟန်အမျိုးမျိုးပြောင်းပြီး ကောင်းမွန်တဲ့အဖွဲ့ပုံရရန်အတွက် သူတို့ခေါင်းချင်းနီးသွားတာကို ထျန်းဖေစောင့်ကြည့်နေလိုက်လေသည်။ သူ့ဉာဏ်များတဲ့အပြုအမူအတွက် သူ့ကိုယ်သူချီးမွှမ်းမိလိုက်လေသည်။
ထျန်းဖေ သူ့ကိုယ်ပိုင်ဉာဏ်ကြွယ်မှုအတွက် ချီးမွှမ်းနေတုန်း၊ တစ်ဖက်မှာရှိတဲ့ အရပ်ရှည်တဲ့စစ်သားတစ်ဦး မနေနိုင်ဘဲ သတိပေးလာလေတယ်၊ “အစ်ကိုထျန်း၊ တတိယသခင်လေးရဲ့ဓာတ်ပုံတွေကို အပြင်လူတွေဆီဖြန့် လိုက်လို့မဖြစ်ဘူး။”
“အပြင်လူတွေဆီဖြန့်တယ်? မိန်းကလေးချန်းယုက အပြင်လူလား?” ထျန်းဖေ ပြန်လည်ချေပမေးလိုက်လေသည်။
“အဲ့လိုထည့်မတွက်ဘူးလား?” အရပ်ရှည်တဲ့စစ်သား သံသယနဲ့မေးလိုက်လေသည်။
“တတိယသခင်လေးရယ်နေပုံကိုကြည့်လိုက်; မိန်းကလေးချန်းယုကို အပြင်လူအနေနဲ့ မင်းဘယ်လိုလုပ်ဆက်ဆံလို့ရမှာလဲ? ငတုံး!” ထျန်းဖေ မနှစ်မြို့တဲ့အနေနဲ့ သူ့မျက်လုံးကိုလှိမ့်လိုက်လေသည်။
ESTÁS LEYENDO
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Romanceမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...