အပိုင်း(၉၀.၂):
ဒါကိုကြားလိုက်ရတော့၊ ချန်းယုမှာ အရမ်းစိတ်တိုလာလေတယ်။ သူကနင့်ကိုသတ်တော့မလို့လေ၊ ဒါတောင် နင့်မှာသက်ပြင်းချချိန်ရှိနေသေးတယ်ပေါ့။ ဒီလိုလူလိမ်မျိုးကို၊ သတ်ပစ်လိုက်တာအကောင်းဆုံးပဲ!!
"သတ်လိုက်၊ သတ်လိုက်၊ သူ့ကိုမြန်မြန်သတ်လိုက်။"
သူမဘေးနားကလူတွေက သူမအားကြောက်လန့်တကြားကြည့်လာလေတယ်။ အဘိုးဝူက အံတင်းတင်းကြိတ်ပြီး တစ်စုံတစ်ဦးရဲ့မျက်နှာကိုရိုက်နှက်လိုက်တာက၊ သတ်ဖြတ်ရန်အော်နေတဲ့ချန်းယုကို နိုးထလာစေနိုင်လိုက်လေတယ်။
"အဘိုး၊ အဘိုးဘာလုပ်လိုက်တာလဲ?" ချန်းယုက သူမနှာခေါင်းကိုကာပြီး သူမအဘိုးအား ပြန်စိုက်ကြည့်လိုက်လေတယ်။ ဒီလိုအပြုမူမျိုးနဲ့လူကိုနိုးတာကပုံမှန်ပဲလား?
"မင်းဘယ်သူ့ကိုသတ်မလို့လဲ၊ ဟမ်?" အဘိုးဝူက မျက်ခုံးပင့်ပြီးမေးလာလေတယ်။
"ကျွန်မ..." ချန်းယုက တစ်ခုခုပြောလိုက်ရန် ခေါင်းလှည့်လာချိန် လေယာဉ်မယ်က သူမအား စိတ်လှုပ်တရှားဖြစ်လျက်သတိထားကြည့်နေတာကို မြင်တွေ့လိုက်ရလေတယ်။ လေယာဉ်ပေါ်က လေထုအခြေအနေကထူးဆန်းနေတယ်ဆိုတာကို သူမချက်ချင်းခံစားမိလိုက်ရလေတယ်။ သူမခေါင်းကိုလှည့်ပြီးကြည့်လာလိုက်တော့၊ သူမဘေးနားတစ်ဝိုက်ကလူတွေရဲ့မျက်ဝန်းထဲ ကြောက်ရွံ့မှုရှိတယ်ဆိုတာကို ရိပ်စားမိလိုက်လေတယ်။ သူမကိုယ်ကိုကုန်းလာပြီး သူမဘေးက သူမအဘိုးအားမေးလိုက်လေတယ်၊ "လေယာဥ်ပေါ်ကလေထုအခြေအနေကမူမမှန်ပုံပဲ။"
"သတ်မယ်ဖြတ်မယ်လို့ အော်ဟစ်နေတဲ့အရူးရှိနေတာကို။ လေထုအခြေအနေက ကောင်းနိုင်ပါ့ဦးမလား?" အဘိုးဝူက စိတ်တိုတိုဖြင့် မာဆတ်ဆတ်ပြောလာလေတယ်။
ချန်းယု နင်သွားလေတော့တယ်။ ဘာတွေဖြစ်နေလဲဆိုတာကို နားလည်သွားပြီးနောက်၊ သူမမျက်နှာက ရွက်ရွံ့မှုကြောင့် နီရဲလာလေတော့တယ်။ သူမထိုင်ခုံခါးပတ်ကိုဖြုတ်ပြီး ထရပ်လိုက်တာက၊ သူမအား စစ်ဆေးကြည့်ဖို့ချည်းကပ်လာနေတဲ့ လေယာဉ်မယ်အားကြောက်လန့်တကြား ဖြစ်သွားစေခဲ့လေတယ်။ သူမက ရှက်ကိုးရှက်ကန်းဖြစ်ကာ ပြုံးပြလာပြီး၊ "ကျွန်မတောင်းပန်ပါတယ်၊ ကျွန်မအစောတုန်းက အိပ်မက်ဆိုးမက်လိုက်လို့ပါ။ ကျွန်မတကယ်ပဲ ဒီလိုဆိုလိုချင်တာမဟုတ်ပါဘူး။"
ESTÁS LEYENDO
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Romanceမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...