အပိုင်း(၁) : မြို့တော်က တကယ်ပဲအန္တာရာယ်များတယ်
ချင်းရှန်စီရင်စုက တရုတ်ကအကြီးမားဆုံးတောအုပ်ရှိရာနယ်မြေရှိတဲ့ စီရင်စုကဖြစ်လေသည်။အဲ့တာက တရုတ်ရဲ့နယ်စပ်နေရာမှာ တည်ရှိတာကြောင့်၊ တောင်များနဲ့တောအုပ်တွေက ကြီးစိုးထားလေတယ်၊သဘာဝပတ်ဝန်းကျင်ကလည်း ရှုပ်ထွေးလှလေကာ လမ်းတွေကလည်း ဖြတ်သန်းသွားလာဖို့မဖြစ်နိုင်လှလေဘူး။အံ့ဩတုန်လှုပ်ဖွယ်ကောင်းတဲ့နေရာနဲ့ ချိတ်ဆက်ထားနေပြီး ချင်းရှန်စီရင်စုကလည်း တရုတ်မှာရှိတဲ့ ချမ်းသာသူနဲ့ဆင်းရဲသူကြားကအကြီးမားဆံုးကွာဟချက်ဖြစ်တဲ့စီရင်စုဖြစ်လေသည်။
ကြီးကျယ်ခမ်းနားတဲ့တောင်က ဇောက်နက်ထဲမှာ ဆင်းရဲနွမ်းပါးပြီး မတိုးတက်သောရွာများရှိလေသည်။အတွင်းမှာ၊ သူတို့ဘဝတစ်လျှောက်လုံးတောင်များအပြင်မသွားဖူးတဲ့သက်ကြီးရွယ်အိုများစွာရှိလေတယ်၊ ကြမ်းတမ်းသောတောင်လမ်းတွေကြောင့် အပြင်သွားလာရတာဟာ အလွန်ခက်ခဲလှလေတာကြောင့်ဖြစ်လေသည်။
ချန်းယုက တောင်တွေမှာနေထိုင်တဲ့သူအမျိုးအစားမှာပါဝင်လေတယ်၊ သူမကလေးဘဝကအိပ်မက်ကတော့ ရွာသူကြီးလို ပညာတတ်သူတစ်ယောက်ဖြစ်ရန်ဖြစ်လေတယ်၊သေသေချာချာလေ့လာသင်ယူကာ၊နေ့ရက်တိုင်းကိုေရှ့ဆက်လျှောက်လမ်းပြီး ကောင်းမွန်တဲ့တက္ကသိုလ်ကိုတက်ရောက်ခွင့်ရချင်လေပြီး၊ တောင်ကနေနောက်ဆုံးထွက်မြောက်ချင်လှလေသည်။သူမအား ကျွေးမွေးစောင့်ေရှာက်ပေးတဲ့လူအိုကြီးက စာသေချာမလေ့လာရင်တောင်မှ အချိန်ကျလာရင်တော့ တောင်ကနေထွက်သွားနိုင်တယ်လို့ အမြဲပြောဆိုနေပေမဲ့ ချန်းယု သူမကတော့ အဲ့တာတွေက 'လျှို့ဝှက်ဆန်းကြယ်တဲ့အယောင်ဆောင်' လူအိုကြီးက သူမစာလေ့လာတာကိုလက်လျော့သွားအောင် သွေးဆောင်ဖျားယောင်းတဲ့ အလိမ်ညာစကားတွေဖြစ်မယ်လို့ ယုံကြည်နေလေတယ်၊ ပြီးတော့ စာသင်မယ့်အစား သူနဲ့အတူသရဲတွေလိုက်ဖမ်းခိုင်းေစချင်တာကြောင့်ဖြစ်နိုင်လေသည်။
အမှန်ပါပဲ၊ ချန်းယုက မိဘမဲ့ကလေးတစ်ဦးပါ၊၊သူမကိုမွေးစားထားတဲ့ လူအိုကြီးရဲ့စကားအရဆိုရင်၊ ချန်းယုက လွန်ခဲ့တဲ့ဆယ့်ငါးနှစ်က မထင်မှတ်ပဲ တောင်ခြေရင်းကနေသူကောက်ရခဲ့တာဖြစ်လေသည်။သူ သူမကိုရှာတွေ့ချိန်တုန်းက၊ ချန်းယုမှာ သူမဝိညာဉ်ရဲ့သုံးပုံပုံ နှစ်ပုံကိုဆုံးရှုံးနေခဲ့ပြီးဖြစ်လေတယ်၊ သူမနောက်ဆုံးအသက်ရှုချိန်ကိုတောင်ရောက်တော့မဲ့အထိ ဖြစ်နေလေတယ်၊ သူမဝိညာဉ်ကို ပြန်ခေါ်ဆောင်ဖို့ သူကျင့်စဉ်ကိုအချိန်အတိအကျလုပ်ဆောင်နိုင်ခဲ့တာကြောင့်သာ သူမယခုထက်ထိ ကျန်းကျန်းမာမာအသက်ရှင်နေထိုင်နိုင်လေတာဖြစ်လေသည်။
أنت تقرأ
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
عاطفيةမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...