အပိုင်း(၅၇.၁):မြေအောက်လောကရဲကိုခေါ်လိုက်
ဒုက္ခရောက်နေရင် ရဲဦးလေးကိုရှာလိုက်: သူတို့ငယ်ငယ်လေးကတည်းက ဆရာတွေသင်ကြားပေးလာခဲ့တာဖြစ်လေသည်။ သူမဘာလို့မေ့နေရတာလဲ?
“တတိယအစ်ကို၊ ညီမအခုအိမ်ပြန်လိုက်တော့မယ်။” ချန်းယု ဉာဏ်အလင်းပွင့်သွားပြီးနောက်၊ သူမ လော့မိသားစုခြံဝန်းလေးကထွက်သွားရန် လောနေလေတယ်။
မျက်စိတစ်မှိတ်ကလေးအတွင်း ပျောက်ကွယ်သွားသလိုဖြစ်နေတဲ့ ချန်းယုကို လော့မင်ကြည့်ပြီး စားပွဲပေါ်က ထိတောင်မထိရသေးတဲ့ ကျောက်ပုစွန်ကိုကြည့်လိုက်လေသည်။ သူ့ခေါင်းကိုကူရာမဲ့သလိုခါယမ်းလိုက်ကာ၊ ဟဲကျီလာရန်ခေါ်လိုက်ပြီး၊ “သိမ်းလိုက်တော့။”
“ဟုတ်ကဲ့။” ဟဲကျီ စားပွဲဆီလျှောက်လာကာ၊ သိမ်းဆည်းနေရင်း၊ သူမေးလာလေတယ်၊ “သခင်လေး၊ မိန်းကလေးချန်းယုကို မင်းဖင့်ချန်သွားရမယ့်အကြောင်း ပြောပြီးပြီလား?”
“အရေးကြီးနေဖို့မလိုပါဘူး။” လော့မင်ပြန်ပြောလိုက်လေသည်။
“စစ်စက်ရုံက ခေါင်းဆောင်ဝမ်က ကျွန်တော်တို့ကို ရက်အတိအကျတောင်းဆိုထားတယ်။” ဟဲကျီသတိပေးလိုက်လေသည်။
“ဒါဆို သူ့ကိုနှစ်ရက်ကျော်ထပ်စောင့်ခိုင်းလိုက်။” လော့မင်ရပ်ပြီး တွေးပူမနေဘဲ ဖြေလိုက်လေသည်။
“ကျွန်တော်သိပြီ။” နေဦး၊ နှစ်ရက်ထပ်စောင့်? ဟဲကျီသူ့ဘာသာတွေးမိလိုက်လေတယ်၊ ခေါင်းတစ်ဝက်ပြောင်နေတဲ့ ဌာနဦးစီးဝမ် ဒီတစ်ခေါက်တော့ တစ်ခေါင်းလုံးပြောင်တော့မှာပဲ။
တံခါးခေါက်သံ ရုတ်တရက် ပြတင်းပေါက်ပြင်ဘက်ကကြားလိုက်ချိန်၊ ချန်းယန်အိပ်ရာဝင်တော့မလို့လုပ်နေတာဖြစ်လေတယ်၊၊ စောင်မနေတဲ့သူ့လက်တွေတောင့်သွားကာ ချန်းယန်မျက်မှောင်ကြှုပ်လိုက်လေသည်။ သူပြတင်းပေါက်ကို နားမလည်နိုင်ဖြစ်ကာ၊ လျှောက်လာလိုက်ပြီး၊ လိုက်ကာကိုဆွဲပြီးကြည့်ကြည့်လိုက်လေသည်။ ဆီးနှင်းခဲတွေရှိနေတဲ့ပြတင်းပေါက်ကနေ၊ ပြတင်းပေါက်ကိုဖြတ်ပြီး ချောင်းကြည့်နေတဲ့၊ ရင်းနှီးနေတဲ့ပုံရိပ်ကို သူမြင်တွေ့လိုက်ရလေသည်။ ပြတင်းပေါက်ဖွင့်ရင်း သူမျက်ခုံးတွေ့တွန့်ရှုံ့လာလေတော့သည်။
VOCÊ ESTÁ LENDO
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Romanceမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...