အပိုင်း(၁၇.၂):နှာဗူးတစ်ယောက်ဖမ်းမိခြင်း

2.5K 336 5
                                    

အပိုင်း(၁၇.၂):နှာဗူးတစ်ယောက်ဖမ်းမိခြင်း

လော့မင်အိမ်ကိုပြန်ရောက်လာချိန်၊ ချန်းယုက ဧည့်ခန်းထဲကဆိုဖော်ပေါ်ထိုင်ကာ TVကြည့်နေသေးတုန်းဖြစ်လေသည်။ လော့မင်ပြန်လာတော့မြင်လိုက်တော့ ချန်းယုအံ့ဩသွားကာ မေးလိုက်လေတယ်၊ “အစ်ကိုဘယ်လိုလုပ်အစောကြီး‌ပြန်လာရတာလဲ?”

  “မင်းဘာလို့ဒီမှာရှိနေသေးတာတုန်း?” လော့မင်မဖြေပဲပြန်လည်မေးလိုက်လေသည်။

  “ညီမ ညီမရဲ့စိတ်စွမ်းအားပြန်ဖြည့်နေတာလေ အာ။” ချန်းယုသတိပေးလိုက်လေတယ်၊ “ငါအစောတုန်းကတင် အစ်ကို့အတွက် စိတ်ဝိညာဉ်တည်ငြိမ်စေတဲ့အဆောင်ဆွဲပေးခဲ့တယ်ဆိုတာ အစ်ကိုမေ့သွားပြီလား?”

  ”စိတ်ဝိညာဉ်ငြိမ်သက်စေတဲ့အဆောင်ဆွဲဖို့ စိတ်စွမ်းအင်တော်တော်များများအသုံးပြုဖို့လိုအပ်တာလား?” လော့မင်အံ့ဩသွားလေသည်။

  “ဟုတ်တယ်၊ ဒီမှာတစ်နာရီလောက်နေပြီး စွမ်းအင်ပြန်ဖြည့်ဖို့လိုမယ်။” ချန်းယုအခု‌တလောဖြစ်သွားတဲ့အဲဒီဟာကို လုံးလုံးမေ့သွားလေတယ်၊ သူမ စိတ်ဝိညာဉ်တည်ငြိမ်စေတဲ့အဆောင်တစ်ခုဆွဲရတာ အရိုးရှင်းဆုံးလို့ အရှက်မရှိပြောဆိုခဲ့လေသည်။

  ”အဲဒီလိုကို အာ။” လော့မင်စိတ်မကြည်နေလေဘူး ဒီတော့ သူမိန်းကလေးနဲ့ထပ်ပြောရန်မစီစဉ်လေတော့ဘူး။ ချန်းယုရှေ့က ဘာမှမရှိတဲ့ကော်ဖီစားပွဲကို သူကြည့်လိုက်ပြီး သူ့နောက်ကထျန်းဖေကိုပြောလိုက်လေတယ်၊ “မုန့်အနည်းငယ်သွားယူပေးလိုက်။” 

  လော့မင်အမိန့်ပေးလိုက်ပြီးနောက် သူလက်ခံရရှိထားတဲ့လက်ဆောင်နှင့်အတူ အပေါ်ထပ်ကိုတက်လာလိုက်လေသည်။

  ခဏလောက်နေတော့၊ ထျန်းဖေ ချန်းယုထံတံဆိပ်မျိုးစုံရှိတဲ့သရေစာတွေယူလာ‌လိုက်လေသည်။ ချန်းယု သူ့ကိုပျော်ပျော်ရွှင်ရွှင်ကျေးဇူးတင်လိုက်လေသည်။ သူမ အားလူးကြော်အနည်းငယ်နှင့်အတူ ဆိုဖာထဲဇိမ်ကျကျတိုးဝှေ့နေလိုက်လေသည်။ ဒီလူက ဇိမ်ကျနေရင် မလှုပ်ရှားချင်လေတော့ဘူး၊ ဒီတော့ အချိန်လျင်လျင်မြန်မြန်ကုန်ဆုံးသွားလေသည်။

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】Donde viven las historias. Descúbrelo ahora