အပိုင်း(၃၃.၂): တတိယသခင်လေးမှာတစ်ခုခုဖြစ်နေပြီ
websiteမှ တာဝန်တွေအား ချန်းယုဖတ်ကြည့်လိုက်လေတယ်၊ သူမတစ်ချက်ကြည့်လိုက်ပြီး ငါမီလီယံတန်တဲ့တာဝန်ကို ယူလိုက်လေတယ် ဒါပေမဲ့ သူမစိတ်အားထက်သန်စွာနဲ့ တာဝန်အကြောင်းအရာကို အဖွဲ့ပိုင်ရှင် ‘စိတ်စွမ်းအင်ပရိုဂရမ်မာ’ဆီ ကူးပို့ပေးလိုက်တော့၊ ရက်ရက်စက်စက်ငြင်းပယ်ခံလိုက်ရလေသည်။
ငါလမ်းပြင်ချင်တယ်: ‘ဘာလို့လဲ? တာဝန်အကြောင်းအရာ ငါကူးပို့ပေးတာနဲ့၊ အဲဒီလူရဲ့ဆက်သွယ်လို့ရမယ့်အချက်အလက် မင်းပေးမယ်လို့ ငါ့ကိုပြောထားတာမဟုတ်ဘူးလား?’
စိတ်စွမ်းအင်ပရိုဂရမ်မာ: ‘ဟုတ်တယ်၊ ဒါပေမဲ့ အဲဒီဝန်ဆောင်မှုက တစ်မီလီယံထက် နည်းတဲ့တာဝန်တွေကိုပဲ ကန့်သတ်ထားတာ၊ ပိုကြီးတဲ့ပမာဏဖြစ်နေမယ်ဆိုရင်၊ website ကိုတိုက်ရိုက်သွားပြီး တာဝန်ယူလိုက်သင့်တယ်ဆိုတာကို သိထားသင့်တယ်။’
ငါလမ်းပြင်ချင်တယ်: ‘မတူတာများရှိနေလို့လား?’
စိတ်စွမ်းအင်ပရိုဂရမ်မာ: ‘အခွန်ရှောင်တာအပြင်၊ ဒီအဖွဲ့ရဲ့ရည်ရွယ်ချက်က အားနည်းတဲ့ပယောဂနှင်သူတွေကို ကူညီဖို့ပဲ။ ယွမ်ငါးမီလီယံရှိတဲ့တာဝန်ကို လက်ခံနိုင်စွမ်းရှိတဲ့ကောင်းကင်ဘုံဆရာကတော့ websiteကနေ သူတို့ဘာသာသူတို့ ဝန်ဆောင်ခဖြတ်လိုက်သင့်တယ်၊ ဒီကိုလာနေဖို့မလိုအပ်ဘူး။’
စိတ်စွမ်းအင်website၌ ဝန်ဆောင်ခပေးရန် နည်းနှစ်မျိုးရှိလေသည်။ တစ်နည်းကတော့ တာဝန်ဆုကြေးကနေ 30%တိုက်ရိုက်နုတ်ယူခိုင်းတာဖြစ်လေတယ်၊ တခြားတစ်နည်းကတော့ ဝန်ဆောင်ခတွေအားလုံးဖြတ်ဖို့ websiteက လတိုင်းတင်ပေးလာတဲ့ အေအဆင့်တာဝန်တစ်ခုကို အပြီးသတ်ပေးဖို့လိုလေသည်။
ချန်းယု စိတ်နှလုံးထိခိုက်စွာနဲ့ ပြောလာလိုက်တယ်: ‘ဒါပေမဲ့၊ မီလီယံချီတဲ့အေအဆင့်တာဝန်တွေအများကြီးရှိနေတာပဲ။’
စိတ်စွမ်းအင်ပရိုဂရမ်မာ: ‘ဆရာ၊ အာ၊ ငါတို့အဖွဲ့က အခြားသူတွေရဲ့တာဝန်ကို တိတ်တိတ်လေးခိုးလုပ်နေတာ၊ ငါတို့အရမ်းမာန်ပါလို့မဖြစ်ဘူး။’
YOU ARE READING
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Romanceမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...