အပိုင်း(၄၃.၁):ငါလည်းကောင်းကင်ဘုံဆရာပဲလား?

2.2K 325 2
                                    

အပိုင်း(၄၃.၁): ငါလည်းကောင်းကင်ဘုံဆရာပဲလား?

ချန်းယု ဖုန်းချလိုက်ကာ၊ လှည့်လိုက်ပြီး နောက်ဖေးလမ်းထဲ လျှောက်ဝင်သွားလိုက်ပြီး ရှန်နန်နဲ့သရဲမိန်းကလေးရဲ့မျှော်လင့်နေတဲ့မျက်လုံးတွေအောက် သူမပြောလိုက်လေတယ်၊ “ငါ မှော်လက်နက်ငှားဖို့ တစ်ယောက်ယောက်ကို မေးထားတယ်၊ ငါအဲ့တာရတဲ့အထိစောင့်ဦး ပြီးရင် ငါဝိညာဉ်သံကြိုးကွဲအောင်ကြိုးစားကြည့်မယ်။”

ဝိညာဉ်သံကြိုးကို ကောင်းကင်ဘုံဆရာ မှော်နည်းပညာတွေအသုံးပြုပြီး ဖွဲ့စည်းထားတာဖြစ်လေပြီး  သူတိူ့ကိုယ်ပိုင်စိတ်စွမ်းအင်တွေနဲ့ မကောင်းမှုဝိညာဉ်ရဲ့ဝိညာဉ်ကို ပိတ်လှောင်ထားကြလေတယ်၊ ရှင်းရှင်းပြောရရင်၊ အဲ့တာက တကယ်တော့ မကောင်းမှုစွမ်းအင်နဲ့ စိတ်စွမ်းအင်ကြား ယှဉ်ပြိုင်ပွဲဖြစ်လေတယ်။ ဝိညာဉ်သံကြိုးက ယေဘုယျအားဖြင့် သန်မာတဲ့စိတ်စွမ်းအင်နှင့်အတူ မကောင်းမှုဝိညာဉ်ကို ပိတ်ထားနိုင်လေတယ်၊ ဒါပေမဲ့ မကောင်းမှုဝိညာဉ်က သန်မာနေရင် ဘာဖြစ်မှာလဲ?

နျူကလီးယားစွမ်းအင်အပင်နဲ့ဆင်တူတဲ့ တတိယအစ်ကို့ကိုယ်ထဲက ပြိုင်ဘက်ကင်းတဲ့မကောင်းမှုဝိညာဉ်အကြောင်း သူမတွေးလိုက်မိပြီး သူမမနေနိုင်ဘဲ အကြိမ်အနည်းငယ်ရယ်ချင်မိသွားလေသည်။ ငါဘယ်လိုလုပ်အရမ်းတော်နေရတာလဲ၊ အာ~ အဲဒီကြေးဓားက တတိယအစ်ကိုဆီကနေ မကောင်းမှုဝိညာဉ်တော်တော်များများ စုပ်ယူထားတာ၊ သံကြိုးတွေကို ခုတ်ဖြတ်ဖို့ သူ့ကိုအသုံးပြုရတာ ဘာပြဿနာမှမရှိပါဘူးလေ၊ ဟီ၊ ဟီ၊ ဟီ…

“အဲ့တာ… နင်ဘယ်အချိန်ယူလာနိုင်မှာလဲ?” သရဲမိန်းကလေး စိတ်ပူပန်စွာမေးလိုက်လေသည်။

“ဓားက ယဉ်ကျေးမှုအမွေအနှစ်၊ ဒီတော့ ငါတို့ရက်အနည်းငယ်လောက် စောင့်ရမယ်လို့ ငါထင်တယ်။” တတိယအစ်ကို ကြေးဓား သူမကိုငှားဖို့ အခုလေးတင် သဘောတူခဲ့တာဖြစ်လေတယ်၊ ဒါပေမဲ့ အဲ့တာက ယဉ်းကျေးမှုအမွေဖြစ်လေပြီး၊ အဲ့တာကို စိတ်စွမ်းအင်အသိုင်းအဝိုင်းက သုတေသနလုပ်ဖို့အတွက် ငှားထားခဲ့တာဖြစ်လေတယ်၊ ဒီတော့ အဲ့တာကိုယူလာဖို့ အချိန်အနည်းငယ်လောက် ကြာဦးမှာဖြစ်လေသည်။

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】Donde viven las historias. Descúbrelo ahora