အပိုင်း(၉၁.၁):ဝိညာဉ်စုစည်းရာစင်မြင့်

1.4K 162 1
                                    

အပိုင်း(၉၁.၁):ဝိညာဉ်စုစည်းရာစင်မြင့်

ချီလျန်တောင်တွေက တရုတ်ရဲ့စိတ်ဝိညာဉ်ငါးခုစုဆုံတဲ့ ရှားပါးသောနေရာတစ်ခုဖြစ်လေတယ်။ စိတ်ဝိညာဉ်သွေးကြောတွေကို တစ်ခါမှဖျက်စီးမခံရတာက၊ မှော်အကာရံကြောင့် ဖြစ်ကောင်းနိုင်လေတယ်၊ ဒီတော့ တောင်တွေခဲက တိရစ္ဆာန်တွေနဲ့အပင်တွေမှာ အခြားနေရာတွေထက် အရှိန်အဝါပိုပေါကြွယ်ဝပုံပါပဲ။ အဲဒီအချိန်၌၊ မြေပြင်က ပန်းတွေနဲ့ပြည့်နှက်နေပြီး၊ မြက်ခင်းစိမ်းတွေရယ် အခြားနေရာတွေထက် သာတဲ့လေကောင်းလေသန့်များတောင်ရှိနေတာက၊ ဒီနေရာကို တရုတ်ရဲ့ ခရီးသွားလာသူတွေ ဦးတည်လာရမယ့်နေရာတစ်ခုဖြစ်လာစေလေတယ်။

များပြားလှတဲ့ခရီးသွားလာသူတွေနဲ့ တောင်တွေပေါ်မှာ ဆောက်လုပ်ထားတဲ့ဟိုတယ် တည်ခိုခန်းတွေကိုကြည့်ပြီး၊ ချန်းယုက မထိန်းနိုင်ဘဲ ‌မေးခွန်းထုတ်လာလေတယ်: “အဘိုး၊ လူတွေအများကြီးရှိတာကို၊ ဘယ်လိုလုပ်မှော်အကာရံကို ရှာမတွေ့ကြရတာလဲ?”

“မှော်အကာရံက အဲဒီမှာ၊” အဘိုးဝူက တောင်ခြေရင်းမှာရပ်ပြီး တိမ်တွေလွှမ်းမိုးနေတဲ့ တောင်ထိပ်အား လက်ညှိုးထိုးပြလာလေတယ်။

အဘိုးဝူ ပြောပြီးသွားတာနဲ့၊ အနီးနားမှာကပ်နေကြတဲ့ နိုင်ငံခြားသားနှစ်ဦးကလည်း၊ သူတိူ့လက်တွေကိုမြှောက်ကာ အဘိုးဝူလို တူညီတဲ့အပြုမူမျိုးလုပ်လာကြပြီး၊ တစ်ခုခုအားပြောဆိုနေကြလေတယ်။ အဘိုးဝူက များများစားစားနားမလည်နိုင်လေဘူး၊ ဒီတော့ ချန်းယုဘက်ခေါင်းလှည့်လာပြီး မေးလိုက်လေတယ်၊ “သူတို့ဘာပြောနေကြတာလဲ?”

“ချီလျန်တောင်ထိပ်ဆီ ဒီနေ့ရောက်မှဖြစ်မယ်လို့ သူတိူ့ပြောနေကြတာ” ချန်းယုက သူမခေါင်းကိုလှည့်ပြီး တစ်အောင့်လောက်နားထောင်ကြည့်လိုက်ပြီးနောက်၊ ဘာသာပြန်ပြလာလေတယ်။

“ဟမ်၊ စိတ်ကူးယဉ်နေလိုက်!” အဘိုးဝူက သရော်ပြီးပြောလာလေတယ်၊ “မှော်အကာရံကိုငါမမဖယ်ပေးဘူးဆိုရင်၊ ဘယ်သူဝင်လာနိုင်မလဲဆိုတာ ငါကြည့်ကြည့်ရတာပေါ့။”

“ဒီတော့ ချီလျန်တောင်က ကမ္ဘာ့တက်ရခက်တဲ့တောင်ထိပ်တွေထဲက တစ်ခုဖြစ်လာရတာတဲ့အကြောင်းရင်းက တောင်ထိပ်က ကျွန်မတို့လျို့ရှန်ဂိုဏ်းရဲ့မှော်အကာရံရှိနေလို့ပေါ့?” ချန်းယုက တအံ့တဩမေးလာလိုက်လေတယ်။

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】Donde viven las historias. Descúbrelo ahora