အပိုင်း(၅၃.၂):ပြန်လည်မွေးဖွားဖို့ သူတို့ကိုပို့ပေးလိုက်
“ဒါက...ရှန်နန်ရဲ့ပထမဆုံးအနမ်ဖြစ်နေနိုင်တာပဲ။ ဟီ-ဟီ၊ ရှက်ဖို့ကောင်းလိုက်တာ၊အာ။” နှာဗူးသရဲမဆက်ပြောလိုက်ရင်း၊ သူမမျက်နှာကို လက်ဖြင့်ကာလိုက်လေတော့သည်။
“...” ရှန်နန်မှင်သက်သွားကာ၊ သူ့တစ်ကိုယ်လုံး၏ယင်အရှိန်အဝါ နှစ်ဆဖြစ်လာလေတော့သည်။
“ငါပြောာရရင်၊ နင်စိတ်ကူးယဉ်လွန်းအားကြီးနေပြီ။” ချန်းယုမနေနိုင်တော့ဘဲ သူမကိုတိုက်ခိုက်လာလိုက်လေတယ်၊ “ရှေးခေတ်လူတွေက အစောကြီးလက်ထပ်ကြတာ။ ရှန်နန်အသက်ဘယ်လောက်ရှိလဲဆိုတာကိုနင်သိတယ်မဟုတ်လား? သူလက်ထပ်ထားပြီးလို့ ကလေးတွေတောင်ရှိနေနိုင်တယ်နော်။”
“မဖြစ်နိုင်ဘူး!” နှာဗူးသရဲ စဉ်းစားမနေဘဲ ငြင်းလိုက်လေသည်။
ချန်းယု ရှန်နန်ကိုကြည့်လာလိုက်သည်။
အချို့သောအကြောင်းရင်းတွေကြောင့်၊ သူရှင်းပြလာရင်း ရှန်နန်အမူအရာ အနည်းငယ်
မှုန်မှိုင်းလာလေတော့တယ်၊ “ငါအသက်ဆယ့်ရှစ်နှစ်မှာသေသွားခဲ့တာ။ ငါ့ဇနီးကို ခြောက်လကြာလက်ထပ်ယူခဲ့တယ်။”“နင်မြင်လား...” ချန်းယုမျက်နှာက၊ ငါပြောတာမှန်တယ်နော် လို့ပြောနေလေသည်။
နှာဗူးသရဲမိုးကြိုးပစ်ခံလိုက်ရသလို ခံစားမိလိုက်လေသည်။ သို့သော်၊ သူမငါးစက္ကန့်လောက်ဝမ်းနည်းပက်လက်ဖြစ်သွားပြီးနောက် ပြောလာတာက၊ “ကိစ္စမရှိဘူး။ နင့်ဒုတိယဇနီးဖြစ်ရမယ်ဆိုလည်း ငါစိတ်မရှိဘူး။”
“...” ရှန်နန်ပတ်ပတ်လည်က ယင်စွမ်းအင် ထပ်မံထိုးတက်လာလေတော့သည်။
“အိုက်ယား၊ အစကတည်းက အေးနေပြီးသား၊ နင်အေးအောင်လုပ်နေတာကို ရပ်လိုက်လို့ရမလား?” အပူချိန်ကျဆင်းလာတာကို ခံစားမိလိုက်တော့၊ ချန်းယုမနေနိုင်ဘဲ ညည်းညူလိုက်လေတော့သည်။
ရှန်နန်တောင့်သွားလေပြီး၊ သူ့ကိုယ်နားတစ်ဝိုက်ကယင်စွမ်းအင် စုဆုံသွားလေတော့သည်။
“ဟုတ်ပြီ၊ တာဝန်မဲ့တဲ့ကိစ္စတွေထဲ ငါပါဝင်မပတ်သတ်တော့ဘူး၊ နင်ပြန်လည်ဝင်စားချင်တာဆိုရင် ငါ့ကိုပြောလိုက်။” ချန်းယုပြောလိုက်လေတယ်၊ “ဒါပေမဲ့ ငါအရင်ဆုံးပြောထားရဦးမယ်။ ငါ့ဝန်ဆောင်မှုအတွက် ပိုက်ဆံပေးရမယ်နော်။ အရင်က ရှေးဟောင်းပစ္စည်းတွေနင်ပေးထားတာ။ နင့်မှာပိုက်ဆံကောရှိနေတာလား?”
VOCÊ ESTÁ LENDO
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Romanceမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...