ကဲ~ ကိုယ့်လိုတစ်ကိုယ်တည်းသမားလေးတွေအတွက် လက်ဆောင်ပါ~!
နောက်တစ်ပိုင်းထပ်လာမယ်နော်^^
အပိုင်း(၄၈.၂):ချိပ်ဖြည်ပေးခြင်း
“တိတ်တဆိတ်အန္တရာယ်ပေးတာ?” ချန်းယုအား ချန်းယန် စိတ်လှုပ်တရှားကြည့်လိုက်လေသည်။
“ညီမလေးအဆင်ပြေပါတယ်၊ ဒါပေမဲ့ စာမေးပွဲမှာ အမှတ်ကောင်းကောင်းမရနိုင်လောက်တော့ဘူး၊ ပြီးတော့ သင်္ချာကို ညီမအောင်နိုင်လားမသိတော့ဘူး၊ အဲ့တာကအရမ်းခက်ခဲတာပဲ။” သင်္ချာမှာကျနိုင်ချေရှိတယ်ဆိုတာကို ချန်းယုအခွင့်အရေးယူပြီး ပြောလာလိုက်တယ်။
“အစ်ကို၊ အစ်ကိုမသိလို့နော်၊ ဒါပေမဲ့ ညီမတို့ရုပ်လွန်ပညာလောကမှာ၊ မှော်ကိုသုံးပြီး လူတွေကိုမန္တန်းကနေ အန္တရာယ်ပေးလာတာကို တားမြစ်ထားတယ်၊ ဒီလိုမျိုးက… သာမန်လူတွေ ပြစ်မှုကျူးလွန်တာနဲ့ အတူတူပဲ။ ဒါပေမဲ့ ကောင်းကင်ဘုံဆရာတစ်ဦး မန္တန်းသုံးပြီး လုပ်ခဲ့မယ်ဆိုရင် အထောက်အထားရှာနိုင်မှာမဟုတ်ဘူး။”
ရုပ်လွန်ပညာလောကမှာ? ငါတို့က တူညီတဲ့လောကကမဟုတ်နေဘူးပဲ!!!
“အဲဒီအချိန်တုန်းက ညီမဒေါသထွက်သွားတာ။ ညီမကစာမေးပွဲဖြေနေတာ၊ ဒါပေမဲ့ သူတကယ်ကြီးညီမကို လုပ်ကြံရဲတယ်။ ညီမ စာမေးပွဲကောင်းကောင်းဖြေခဲ့ဖို့ အစ်ကို့ကိုတောင် ကတိပေးထားတာလေ၊ ဒီတော့ ညီမဒေါသထွက်ပြီး လက်စားချေဖို့ ပြေးသွားခဲ့လိုက်တာ။” ဒါကိုပြောလာရင်း၊ အပြစ်မကင်းတဲ့စိတ်နဲ့ သူမအစ်ကိုအား ချန်းယုကြည့်လိုက်ပြီး ပြောလိုက်တယ်၊ “အဲဒီနေ့တုန်းက အစ်ကိုနဲ့ အရာရှိချုကို ညီမမြင်တော့၊ သူနဲ့စာရင်းရှင်းဖို့ ညီမသူ့ကိုရှာနေခဲ့တာ။ အစ်ကို့ကိုမပြောပြဖို့ ညီမမရည်ရွယ်ပါဘူး၊ ဒါပေမဲ့ ညီမပြောလိုက်ရင်တောင် သာမန်လူတွေက ဒါကိုယုံလာမှာမဟုတ်ဘူးလေ။”
“အစ်ကိုက…အစ်ကိုက မင်းမျက်လုံးတွေထဲ ဒီအတိုင်းသာမန်လူတစ်ဦးပဲပေါ့?” သူ့ညီမလေးပြောတာတာ မှန်တယ်လို့ အကြောင်းရင်းတွေကပြောနေလေတယ်; သူက တကယ်ပဲ သာမန်လူတစ်ဦးဖြစ်လေတယ်၊ ဒါပေမဲ့ စိတ်ပိုင်းဆိုင်ရာအရ၊ သူအရမ်းမသက်မသာဖြစ်နေသေးလေသည်။
VOCÊ ESTÁ LENDO
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Romanceမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...