အပိုင်း(၅၀.၅):ကသိကအောက်ဖြစ်သောရွေးချယ်မှု

2K 278 3
                                    

အပိုင်း(၅၀.၅):ကသိကအောက်ဖြစ်စေသောရွေးချယ်မှု

“မင်းဘာလို့စိတ်အနှောက်အယှက်ဖြစ်နေရတာလဲ?” လော့မင်ရုတ်တရက်အသံထွက်ပြောလာလေတယ်၊ “ဒီဖြး်ရပ်ကို မင်းတစ်ခါမှမကြုံတွေ့ဖူးသလိုမျိုး မင်းဟန်ဆောင်နေလို့ရတာပဲ။ သူ့မိသားစု မင်းကိုအကူအညီတောင်းလာရင်၊ မင်းဝင်မပတ်သတ်ဖို့ ရွေးချယ်လိုက်လို့ရတာပဲ။”

“ဒါပေမဲ့ ညီမမြင်ခဲ့တယ်လေ၊ အာ။ အဲ့တာကို မမြင်ခဲ့ဘူးလို့ ဟန်ဆောင်နေလို့ရမယ့် နာ်းမရှိနေဘူး၊ အာာာ” ချန်းယုပြန်ဖြေလိုက်ပြီး ဝမ်းနည်းလာလေတော့သည်။

လော့မင်မနေနိုင်ဘဲ ပြုံးလိုက်မိတယ်။ သူလက်ဆန့်ထုတ်ကာ သူမကိုယ်သူမ ခေါင်းအုံနးဲ့ကာထားတဲ့ ချန်ယုကိုဆွဲထုတ်လိုက်ကာ၊ “ထလိုက်၊ မင်းကိုယ်မင်းမွန်းမသွားစေနဲ့ဦး။”

ချန်းယု သူမကိုယ်သူမကာထားပြီး မလှုပ်ဘဲနေနေလိုက်တယ်။ .

“မင်းဘာလို့စိတ်အနှောက်အယှက်ဖြစ်နေရလဲဆိုတာ မင်းသိလား?” လော့မင်မေးလိုက်လေသည်။

“ညီမမသိဘူး။” ချန်းယု စူပုပ်ပုပ်နဲ့ ပြန်ဖြေလာလိုက်လေသည်။

“ဘာလို့ဆို မင်းကကြင်နာတတ်တာကြောင့်ပဲ။” လော့မင် ရုတ်တရက်အရွှန်းဖောက်လိုက်လေသည်။

သူမမျက်နှာကနေ ခေါင်းအုံးကို ဖယ်လိုက်ပြီး၊ လော့မင်ကိုကြည့်ကာ ချဋ်းယုပြောလိုက်လေတယ်၊ “ညီမမကြင်နာတတ်ပါဘူး။ ညီမသရဲဖမ်းတုန်းက၊ အဲဒီသရဲ ဘယ်လောက်ပဲ သနားစရာကောင်းနေပါစေ၊ သူ့ကိုခေါ်ထုတ်လာခဲ့တာပဲ။”

“ဒါက သူတို့ကို ပြန်လည်မွေးဖွားဖို့ ပို့ပေးလိုက်တာက အကောင်းဆုံးပဲဆိုတာ မင်းသိနေတာကြောင့်လေ။” လော့မင်ပြောလိုက်လေတယ်၊ “ဒါပေမဲ့ ဒီကိစ္စက မတူနေဘူး။ မင်းပြောနေတဲ့ ဒီလူက အခြားသူကိုညအသည်းအသန်ကယ်တင်ပေးချင်နေတာ၊ ပြီးတော့ မင်းစိတ်ထဲမှာလည်း သူ့ကိုမသေစေချင်ဘူး၊ ဟုတ်တယ်မလား?”

“…” ချန်းယုတောင့်သွားကာ ခေါင်းအုံးကိုဖက်ပြီး ထထိုင်လိုက်လေတယ်၊ “ညီမမသိဘူး။”

“နှစ်ဦးလုံးအတွက် အကောင်းဆုံးနည်းလမ်းရှိနေမယ်ဆိုရင်၊ မင်းအဲ့တာကိုလုပ်ပေးလိုက်မှာမလား?” လော့မင်မေးလိုက်လေသည်။

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】حيث تعيش القصص. اكتشف الآن