အပိုင်း(၂၂.၂):သနားစရာကောင်းသော
“ဘာအတွက်အပြင်သွားမှာလဲ?” လော့မင်ရဲ့မျက်နှာက အပြည့်အဝသဘောမတူနေလေဘူး။
“တုန်ချောင်းရဲ့ဦးလေး…” တုန်ချောင်းအိမ်ထဲ၌မရှိနေဘူးဆိုတာ ဒီအချိန်မှာ ချန်းယုနောက်ဆုံးတော့ သဘောပေါက်သွားလေတယ်၊ ပြီးတော့ သူမပတ်ပတ်လည်ကိုအံ့အားသင့်စွာကြည့်လိုက်လေသည်။ “တုန်ချောင်းဘယ်ကိုသွားနေတာလဲ?”
လော့မင် ခဏတဖြုတ်လောက်တွေးလိုက်ပြီး တုန်ချောင်းဘယ်သူလဲဆိုတာ မြန်မြန်ခန့်မှန်းမိသွားလေသည်။ “နေ့လယ်တုန်းကအမျိုးသားသရဲက တုန်ချောင်းလား?”
“ဟုတ်တယ်” ချန်းယုပြောလိုက်လေသည်။ “အဲဒီလူ သေချာပေါက် ခြံဝန်းရဲ့တားဆီးတာခံလိုက်ရပုံပဲ။ ညီမသွားပြီး သူ့ဒုတိယဦးလေးအတွက် သူ့ကိုရှာပေးလိုက်ဦးမယ်။ ညီမ အဆောင်အများကြီးကုန်သွားပေမဲ့ သူ့ဆီက၂မီလီယံပဲ အဖိုးအခယူထားတာ၊ ဆုံးရှုံးမှုအကြီးကြီးပဲ အာ၊၊”
ပြောရင်းဆိုရင်း သူမစိတ်ဓာတ်ကျလာလေတော့တယ်၊ ပြီးတော့ သူမမျက်နှာကနာကျင်မှုအပြည့်နဲ့ဖြစ်နေလေသည်။
“ဒီတော့ သူက ဒီညအဲဒီအရာကို ရန်စလိုက်တဲ့သူလား?” အနက်ရောင်စွမ်းအင်ကို လော့မင်မမြင်နိုင်ပေမဲ့လည်း၊ သူခန့်မှန်းတာကနေ အဲ့တာက မတားဆီးနိုင်လေဘူး။
“အမှန်ပဲ၊ တုန်ချောင်းရဲ့ ပြဿနာအကြီးကြီးကိုညီမသိရင် ညီမသူ့ကိုခေါ်လာမှမဟုတ်ဘူး။” ချန်းယု အဲ့အကြောင်းတွေးမိလေလေ၊ သူမပိုစိတ်အနှောက်အယှက်ဖြစ်လာလေတယ်၊ ဒါပေမဲ့ နှစ်မီလီယံက ဘာပဲဖြစ်ဖြစ် ဆုံးရှုံးတာတွေကို ကာပေးနိုင်လေတယ်၊ သူမဆိုဖာကနေ ထရန်လုပ်ရင်း ချန်းယုတွေးလိုက်လေသည်။
“မလှုပ်နဲ့” လော့မင် ချန်းယုကို ပြန်ထိုင်ခိုင်းလိုက်ပြီး သူ့ခေါင်းကိုလှည့်ကာ ထျန်းဖေကိုပြောလိုက်လေတယ်၊ “သွားပြီး လူကိုအထဲခေါ်လာခဲ့။”
“တတိယအစ်ကို၊ ညီမအပြင်ထွက်လိုက်တာက ပိုကောင်းမယ်ထင်တယ်။” ချန်းယုသူ့ကိုရပ်လိုက်လေသည်။ “တုန်ချောင်းရဲ့ဦးလေးကလည်း ကောင်းကင်ဘုံဆရာပဲ။ အစ်ကို့မှာ သန်မာတဲ့အရှိန်အဝါရှိနေတယ်၊ အစ်ကို့ကိုချိန်ရွယ်ခံရမှာကို ညီမစိတ်ပူတယ်၊၊”
BẠN ĐANG ĐỌC
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Lãng mạnမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...