အပိုင်း(၅၄.၂):ငါ့စီးပွားရေးကိုဘာလို့လာလုနေတာလဲ
“ငါလူတွေအများကြီးကိုနမ်းဖူးတယ်၊ လူချောအမျိုးမျိုးကိုပေါ့၊ ဒါပေမဲ့ အနမ်းတိုင်းကအတူတူပဲ။ ရှန်နန်တစ်ဦးထဲကပဲ--သူတစ်ဦးထဲကပဲ ငါ့ကိုနမ်းဖူးပြီး ဆက်ပြီးနမ်းချင်စိတ်ဖြစ်နေစေတာ။” နှာဗူးသရဲမ ဆက်ပြောလိုက်လေတယ်၊ “ဒီတော့၊ ကောင်းကင်ဘုံဆရာချန်း၊ အနာဂတ်မှာ နင်အချိန်ကြာကြာနမ်းချင်သေးတဲ့အနမ်းဖြစ်ဖြစ်၊ ဘာမနှစ်သက်မှုမှမရှိဘဲ တစ်ယောက်ယောက်ကိုနမ်းချင်တဲ့အနမ်းနဲ့ဖြစ်ဖြစ်၊ နင်ကြုံတွေ့လာခဲ့ရင်၊ ဒါဆို သူကနင့်အနာဂတ်ကောင်လေးဖြစ်လာနိုင်တယ်။”
နမ်းတာ၊ ပြီးတော့ ဆက်ပြီးနမ်းချင်သေးတာ၊ ဘာမနှစ်သက်မှုမှမရှိတဲ့အနမ်း?
တတိယအစ်ကို??
ချန်းယု သူမပါးစပ်ကိုတအံ့တဩကာလိုက်ကာ၊ သူမခေါင်းကို လွန်လွန်ကဲကဲခါယမ်းပစ်လိုက်လေပြီး၊ ငြင်းနေလိုက်လေတော့သည်။ မဖြစ်နိုင်တာ၊ ငါတတိယအစ်ကိုကိုကယ်တင်ဖို့ကြိုးစားနေတာကို။ နှာဗူးသရဲရဲ့မဖြူစင်တဲ့အနမ်းနဲ့မတူနေပါဘူး။
“ငါတို့၊ မိန်းကလေးတွေမှာ၊ စိတ်ခံစားမှုနှင့်ဆိုင်တဲ့သန့်ရှင်းမှုရှိတယ်။ ငါတို့မကြိုက်တဲ့သူကိုနမ်းမိတာနဲ့ မအီမသာဖြစ်သလိုခံစားလာရလိမ့်မယ်။ အပြန်အလှန်အားဖြင့်၊ မင်းတစ်ယောက်ယောက်ကိုနမ်းပြီး မင်းမုန်းတယ်လို့မခံစားရဘူးဆိုရင်၊ ဒါဆို နင်သူ့ကိုသဘောကျနေနိုင်တယ်။” နှာဗူးသရဲမ သူမတစ်ကိုယ်တည်းစကားရှည်ရှည်လျားလျားပြောဆိုနေတာကို ဆက်လိုက်လေပြန်သည်။
တတိယအစ်ကိုကိုငါမနှစ်သက်ဘူးလား? နမ်းပြီးသွားရင် ငါသူ့ကိုထပ်ပြီးနမ်းချင်သေးတယ်လို့မခံစားရဘူး၊ ဒါပေမဲ့...
တတိယအစ်ကိုကို ဆောင်းယဉ်စွန်းချိန်တုန်းက တစ်ညလုံးမရပ်မနားနမ်းနေခဲ့တဲ့ပုံရိပ်ကို ချန်းယုပြန်တွေးလိုက်တယ်၊၊ ခဏလေးအတွင်း၊ သူမတစ်ကိုယ်လုံးပျာယာခက်သွားလေသည်။
“သေခြင်းရှင်ခြင်းကြားကနေ ငါနားလည်လာတဲ့အရာတွေရှိတယ်။ အနာဂတ်မျိုးဆက်ဆီလက်ဆင့်ကမ်းပေးဖို့ ငါ့မှာအခွင့်အရေးမရှိနေဘူး။ ဒီတော့၊ ငါနင့်ကိုပဲပြောနိုင်တော့တယ်၊၊ ဒါက နင့်အတွက်အကူအညီဖြစ်ပါစေလို့ ငါမျှော်လင့်ပါတယ်။” နှာဗူးသရဲမ သက်ပြင်းချလိုက်လေတယ်၊ “ဒီကမ္ဘာထဲငါလျှောက်ပတ်နေခဲ့တာက အချည်းနှီးမဖြစ်ခဲ့ဘူးပဲ...”
BẠN ĐANG ĐỌC
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Lãng mạnမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...