အပိုင်း(၄၁.၂): အစ်ကို့အပူချိန်
“ရှန်နန်၊ သူပြောတာနားမထောင်လိုက်နဲ့၊ ဒါလေးများ၊ ငါတို့နောက်ဖေးလမ်းကြားကနေ မထွက်သွားဘဲနေလိုက်မယ်၊ ဘာပဲဖြစ်ဖြစ် သူလည်းအထဲမဝင်လာရဲဘူး။” သရဲမိန်းကလေး ရုတ်တရက်ပြောလိုက်လေတယ်၊ “ကမ္ဘာမှာ ငါတို့မှာတစ်ချိန်လုံးအချိန်ရှိနေချိန် လူသားတွေရဲ့သက်တမ်းက ကန့်သတ်ချက်ရှိတယ်၊ ဘယ်သူတောင့်ခံနိုင်လဲဆိုတာ ကြည့်ကြည့်လိုက်ရတာပေါ့။”
“အခြားနည်းတွေးနေတုန်းလား?” သရဲမိန်းကလေးရဲ့စကားတွေကို သက်လတ်ပိုင်းလူကြားလိုက်ရလေတယ်၊ သူရုတ်တရက်ပြုံးလိုက်ပြီး သူ့ဘောင်းဘီအိတ်ကပ်ထဲဝှက်ထားတဲ့ သူ့ညာဘက်လက်ကို ဆွဲထုတ်လိုက်ပြီး၊ သူ့ရှေ့အဲ့တာကိုမြှောက်ပြလိုက်လေတယ်၊ ဖြည်းဖြည်းချင်း မှော်ဆန်တဲ့ဖွဲ့စည်းမှုလုပ်လိုက်လေသည်။
“အာ!” အော်သံကို ရုတ်တရက်ကြားလိုက်ရလေတယ်၊ ရှန်နန်နဲ့ သရဲမိန်းကလေး အသံကြားရာကို ကြည့်လိုက်တော့ တစ်ဖက်၌ တိတ်တိတ်လေးရပ်နေတဲ့ ရှောင်းကန်ထံအကြည့်ရောက်လာလေတယ်၊ ရုတ်တရက်အပြာရောင်မီးတောက် တောက်လောင်လာကာ၊ အော်ဟစ်ကာ မြေပြင်ပေါ် လူးလှိမ့်လိုက်လေသည်။
“ရပ်လိုက်၊ ရပ်လိုက်၊ မင်းရပ်လိုက်စမ်း!” ရှန်နန် နောက်ဖေးလမ်းရဲ့ဝင်ပေါက်ဆီ အလောတကြီး ပြေးသွားလိုက်လေတယ်၊ သူ့အကန့်အသတ်မရှိတဲ့ယင်စွမ်းအင်က ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်လေတယ်၊ ဒါပေမဲ့ သက်လတ်ပိုင်းလူက ကြိုတင်ပြင်ဆင်ထားတဲ့အနေနဲ့ နောက်နှစ်မီတာဆုတ်ထားပြီးလေပြီ။
ရှန်နန်ဘယ်လောက်ပဲ အားကောင်းပါစေ၊ သူ နောက်ဖေးလမ်းကြားကနေ ထွက်သွားလို့မရလေဘူး။ ရှန်နန်ရဲ့မျက်လုံးတွေက သွေးနီရောင်သန်းနေလေတယ်၊ သူ့ကိုယ်ကို သူ့ဘာသာသူ အပြင်ကိုပစ်ထုတ်ပစ်လိုက်ချင်နေလေသည်။
ကျယ်လောင်တဲ့အသံနဲ့အတူ၊ ထူထပ်ပြီး၊ ကလေးလက်မောင်းအရွယ်လောက်ရှိတဲ့ နက်မှောင်နေတဲ့သံကြိုးလေးကြိုး မြေထဲကနေ ရုတ်တရက်ထွက်ပေါ်လာလေတယ်၊ တစ်ဖက်အစွန်းက နံရံဆီတုပ်နှောင်ထားပြီး အခြားတစ်ဖက်အစွန်းက ရှန်နန်ရဲ့ခြေလက်အင်္ဂါထဲရှိနေလေသည်။
VOUS LISEZ
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Roman d'amourမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...