အပိုင်း(၃၉.၂):မြေအောက်လောကမှလက်မခံသောသရဲများ

2.5K 341 1
                                    

အပိုင်း(၃၉.၂): မြေအောက်လောကမှလက်မခံသောဝိညာဉ်များ

"ပွတ်ခ်ျ…” လူငယ်ရဲသား သူ့ရယ်သံကို မထိန်းချုပ်နိုင်လေတော့ဘူး၊ သူ့ခါးကိုင်လိုက်ပြီး ကားပေါ်မှီရပ်လိုက်လေသည်။

ချန်းယန်မှာ အရမ်းဒေါသထွက်နေတာကြောင့် သူ့နှာခေါင်းပေါက်ကနေ မီးခိုးတွေထွက်တော့မဲ့အတိုင်းဖြစ်နေလေတယ်၊ “အစ်ကိုနဲ့အတူ ရဲဌာနကို အရင်လိုက်ခဲ့၊ အစ်ကို မင်းကိစ္စမနားထောင်ခင် အစ်ကိုအလုပ်ပြီးတဲ့အထိစောင့်ဦး။”

ချန်းယု သူမမှားပြောမိလိုက်ပြီဆိုတာ သဘောပေါက်လိုက်လေတယ်၊ သူမအရှုံးပေးလိုက်ပြီး သူမခေါင်းကိုငုံ့ကာ ရဲကားထဲဝင်ထိုင်လိုက်လေသည်။

ရဲကားက ရဲစခန်းရှိရာဘက်သို့ တစ်ဟုန်ထိုးမောင်းနှင်လာလေသည်။ ချန်းယန် ချန်းယု ကိုသူ့နေရာမှာထားလိုက်ပြီး ပြောလိုက်လေတယ်၊ “ဒီမှာထိုင်နေ လျှောက်မသွားနေနဲ့ဦး။”

“အမ်” ချန်းယု သူမခေါင်းကို လိမ်လိမ်မာမာညိတ်ပြလိုက်လေသည်။

တစ်စုံတစ်ယောက် နို့လက်ဖက်ရည်တစ်ခွက်ယူလာပေးချိန်၊ ချန်းယုက ပျင်းရိနေတာဖြစ်လေသည်။ ချန်းယု တအံ့တဩကြည့်လိုက်တော့ အဲ့လူက လူငယ်ရဲသားဖြစ်နေလေသည်။

“ငါ့နာမည်က ချုဟန်၊ ငါ ရဲတက္ကသိုလ်ကနေ ဘွဲ့ရပြီးကတည်းက မင်းအစ်ကိုနောက် လိုက်နေခဲ့တာ။” ချုဟန်အပြုံးနဲ့ပြောလာလိုက်လေတယ်၊ “မင်းဘာလို့ အရမ်းနောက်ကျနေတာကို အပြင်ထွက်လာရတာလဲ? မင်း bar သွားမလို့လား မဟုတ်မှလွဲရော internet cafeကို တိတ်တိတ်လေးခိုးသွားနေတာလား?”

ချန်းယု နှစ်ခုလုံးကို ယှဉ်ကြည့်လိုက်ပြီးနောက် နောက်ဆုံးတစ်ခုကို ရွေးချယ်လိုက်လေတယ်၊ “ငါ internet caféသွားမလို့။”

“Internet café? မိန်းကလေးတွေ အပြင်မှာနေနေတာက အန္တရာယ်များတယ်၊ အစ်ကိုယန်း ဒေါသထွက်သွားတာ အံ့ဩစရာမရှိတော့ပါဘူး။” ချန်းယုရဲ့သန့်ရှင်းသပ်ရပ်ကာ၊ အနိုင်ကျင့်ရလွယ်တဲ့ အသွင်အပြင်ကို ချုဟန်မြင်လိုက်တော့၊ ဒီတော့ သူမနေနိုင်ဘဲ သတိပေးလိုက်လေတယ်၊ “အခုတလော မလုံခြုံနေဘူး၊ မင်းကဒီလောက်လှတာ၊ မကောင်းတဲ့လူတွေအတွက် လွယ်ကူတဲ့ပစ်မှတ်ဖြစ်သွားနိုင်တယ်။”

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】حيث تعيش القصص. اكتشف الآن