အပိုင်း(၆၈.၂):အသက်ဇီဝ
“စိတ်မပူပါနဲ့ အန်ကယ်လော့၊ ဘာလုပ်ရမလဲဆိုတာ ကျွန်မသိပါတယ်!” ချန်းယု တက်တက်ကြွကြွခေါင်းညိတ်ပြလိုက်လေတယ်။ လော့မင်ဘေးသူမနေချင်ရုံတင်မကဘူး၊ သူမအဘိုး တတ်နိုင်သမျှမြန်မြန် မြို့တော်ဆီရောက်လာဖို့ကိုလည်း သူမလိုချင်လေသည်။
“ဒါဆို လော့မင်က မင်းကိုအားကိုးနေရမှာပဲ။”
မြို့တော်ဆီ ပျံသန်းလာနေတဲ့ ရဟတ်ယာဉ်ပေါ်၌၊ ချန်းယု၊ ပုံမှန်ဆို စကားအမျှင်မပြတ်ပြောဆိုတတ်သူက၊ ဒီတကြိမ် လော့မင်ကို ထူးထူးဆန်းဆန်း ဘာမှမပြောဆိုလာခဲ့လေဘူး။ ရဟတ်ယာဉ်ပေါ်မှာတင်မဟုတ်ဘူး၊ ဒီမနက်ခင်း သူတို့နိုးလာကတည်းက၊ ချန်းယု သူ့အားစကားသိပ်မပြောလေဘူး။
မိန်းကလေးက မရယ်မပြုံးပဲ ခပ်တည်တည်နေနေလေတယ်။ လော့မင် သူမနဲ့စကားပြောချင်တဲ့အချိန်တိုင်း၊ ချန်းယု သူမခေါင်းကို ပုံကြီးချဲ့သလိုလှည့်ပစ်လိုက်လေတယ်။ သူမစိတ်ဆိုးနေကြောင်း တစ်စုံတစ်ယောက်မသိလိုက်မှာကို စိတ်ပူနေတဲ့အတိုင်းပဲ။
နေ့အချိန်မှာ လော့မင်ကို ချန်းယုအသည်းအသန်ရှောင်နေနေတယ်။ အခု သူတိူ့ရဟတ်ယာဉ်ပေါ်ရောက်တော့၊ နှစ်ဦးသားကဘေးချင်းကပ်ရပ်ထိုင်နေကြတော့၊ လော့မင် နောက်ဆုံးတော့အခွင့်အရေးရလိုက်လေပြီ။
“ရှီရှီ...”
ချန်းယု သူမခေါင်းကိုလှည့်ပြီး သူ့ကိုလျစ်လျူရှုနေလိုက်တယ်။
“ရှီရှီ?”
ချန်းယု သူမကိုယ်သူမ ချာခနဲလှည့်လိုက်လေသည်။
လော့မင် ရယ်ချင်နေလေတယ်။ ချန်းယု စိတ်ဆိုးကြောင်းထုတ်ဖော်ပြနေပုံက ရှင်းပြလို့မရလောက်အောင် ချစ်စဖွယ်ကောင်းလှတယ်လို့ သူတွေးမိနေလေတယ်: “ကိုယ်တောင်းပန်ပါတယ်။”
ချန်းယုတောင့်တင်းသွားကာ သူမကိုယ်ကိုပြန်လှည့်လာလိုက်လေတယ်၊ ဒါပေမဲ့ လော့မင်ကိုကြည့်လာရန် ငြင်းဆန်နေတုန်းပဲ။ သူမစိတ်ကောက်နေတာက အတော်လေးထူးဆန်းနေတယ်ဆိုတာ သူမသိလေတယ်၊ ဒါပေမဲ့ ဒီလိုကိစ္စကြီးမျိုးကို သူမဆီကနေ လော့မင်ဖုံးကွယ်ထားတယ်ဆိုတာအား သူမတွေးလိုက်မိတိုင်း၊ သူမစိတ်မကြည်မသာဖြစ်လာလေတော့သည်။ သူမ,မနေနိုင်ဘဲ စိတ်ကောက်ချင်မိလေတယ်။
BẠN ĐANG ĐỌC
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Lãng mạnမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...