အပိုင်း(၂၇.၁):နှုတ်ဆက်ပါတယ် ဇွန်ဘီး

2.6K 334 1
                                    

အပိုင်း(၂၇.၁): နှုတ်ဆက်ပါတယ် ဇွန်ဘီး

   ချန်းယု၊ နှစ်ဆယ်မီလီယံအတွက် ဒူးထောက်ချလိုက်တဲ့သူမ၊ သူမထွက်သွားဖို့ အကြောင်းပြချက်ရှာရန် စီစဉ်လိုက်ရင်း သူမအခန်းဖော်တွေရှိရာဘက်ကို အပျော်တွေနဲ့ပြန်လာလိုက်သည်။ 

   “နင်တိူ့တွေ၊ အရင်သွားနှင့်လိုက်၊ ငါထွက်သွားဖို့လိုနေတယ်။ ညကျ ငါပြန်လာအိပ်မယ် ပြီးတော့မှ နင်တို့နဲ့အတူတူ မနက်အတန်းအတူတူသွားကြတာပေါ့။” ချန်းယုပြောလိုက်တယ်။

   “နင်ဘယ်ကိုသွားမလို့လဲ? အစောနတုန်းက အဲဒီလူနင့်ကိုဘာပြောလိုက်တာလဲ?” ချန်းယုရဲ့အိမ်က ကျောင်းနဲ့မဝေးဘူးဆိုတာကို သူတိူ့တွေသိလေတယ်၊ ဒီတော့ တစ်ခါတစ်ရံ သူမပြန်သွားတာဟာ မထူးဆန်းနေလေဘူး၊ ဒါပေမဲ့ ချန်းယုရဲ့ပျော်နေတဲ့အမူအရာကို သူတို့မြင်လိုက်တော့၊ ကောင်းတာတစ်ခုခုဖြစ်နေပြီဆိုတာ သူတို့ချက်ချင်းသိလိုက်ကြလေသည်။

   “ငါအရင်ကမပြောဖူးဘူးလား? အဲဒီတုန်သခင်လေးက ငါ့အတွက် အဝတ်အစားရွေးပေးချင်တယ်ဆိုတာ။” ချန်းယုလေသံထဲ စိတ်လှုပ်ရှားမှုလေး စိမ့်ဝင်နေလေတယ်၊ “သူအဝတ်အစားတွေက ထိပ်တန်းအဆင့်ဖြစ်တယ်ဆိုတာ သက်သေပြဖို့အတွက် ငါသူ့အတွက် မော်တယ်လုပ်ပေးတာနဲ့ သူ့ဝတ်စုံတွေ အခမဲ့ပေးမယ်လို့ သူပြောလာတယ်။”

   နှစ်ဆယ်မီလီယံ၊ ဆုံးရှုံးတာတွေအတွက်ကာမိပြီ၊ ဆုံးရှုံးမှုတွေကိုကာနိုင်ပြီပဲ၊ အာာာာ~~

   “တကယ်? ငါတို့လည်းအတူတူသွားပြီးကြည့်လို့ရမလ?” ဒီလူငယ်မိန်းကလေးတွေက လှပတဲ့အရာတွေကို ချစ်ခင်သဘောကျကျတဲ့အရွယ်ဖြစ်လေတယ်၊ ပြီးတော့ ဆရာကြီးရဲ့ ဖက်ရှင်ဒီဇိုင်းကို သူကိုယ်တိုင်ဖန်တီးတာကို မြင်တွေ့ခွင့်ရဖို့ဆိုတာကလည်း အလွန်ကိုခက်ခဲလှလေတယ်။

   “နင်တို့တွေမရမှာကို ငါစိတ်ပူတယ်” ချန်းယု အခက်တွေ့နေပုံနဲ့ပြောလာလေသည်။

   “ဟုတ်တယ်၊ သခင်လေးတုန်က နင့်ကို သူ့ကိုယ်ပိုင်စတူဒီယိုကို ခေါ်သွားချင်တာဖြစ်မယ်၊ သေချာပေါက် အပြင်လူတွေကို ဝင်လာတာကနေ တားမြစ်ထားမှာပေါ့ဟ။” ဟန်ယောရှင်းပြလိုက်လေသည်။

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】Donde viven las historias. Descúbrelo ahora