အပိုင်း (၄): စီးပွားရေးအစ

3.2K 419 10
                                    

အပိုင်း(၄): စီးပွားရေးအစ

လူတွေရဲ့အမြင်မှာ၊ မြို့တော်က အမြဲဆူညံတယ်၊ အဲဒီမှာလူအများကြီးရှိတယ်၊ ကားတွေလည်းအများကြီးရှိပြီးတော့ ပစ္စည်းတွေလည်းအများကြီးပဲ။ ဒါပေမဲ့  မြို့တော်မှာနှစ်ရက်နေထိုင်ခဲ့တဲ့ ချန်းယုအတွက်တော့၊ မြို့တော်ရဲ့ညတွေက ထူးထူးခြားခြားတော်တော်တိတ်ဆိတ်လှတယ်လို့ ထင်မြင်မိလေတယ်။ ဂရုတရိုက်ဖြတ်တောက်ထားတဲ့ မြက်ပင်တွေထဲမှာ ဘာသက်ရှိမှမရှိနေလေဘူး၊ တစ်ခါတစ်ရံထွက်ပေါ်လာတဲ့ ပုစဉ်းရင်ကွဲအသံတွေကလည်း တာမူရွာအပြင်ဘက် မြက်တောထဲကပုရစ်တွေကထွက်လာတဲ့အသံတွေလိုမျိုးမဟုတ်ဘူး။

ချန်းယု စားပွဲတင်မီးအ‌ေသး‌ေလးကိုဖွင့်လိုက်ပြီး၊ လူအိုကြီးသူမကို ပေးလိုက်တဲ့အဝတ်အိတ်ကိုကိုင်ပြီး၊ ပြတင်းပေါက်တံခါးကိုတွန်းဖွင့်လိုက်ပြီး ခုန်ဆင်းလိုက်လေသည်။ ည၁၂နာရီအချိန်လောက်ဖြစ်နေပြီဖြစ်လေတယ်၊ လွန်ခဲ့တဲ့၂နာရီကတည်းကမှ အဖေနဲ့အမေချန်းအခန်းထဲမှ မီးကပိတ်သွားခဲ့တာဖြစ်လေတယ်၊ ဘယ်ဘက်အ‌ေဝးဆံုးမှာရှိတဲ့ ချန်းယန်အခန်းကမီးကလည်း လွန်ခဲ့တဲ့မိနစ်၃၀လောက်က ပိတ်သွားခဲ့တာဖြစ်လေသည်။

ချန်းယု ခြံဝန်းနံရံကနေ ကျွမ်းကျွမ်းကျင်ကျင်ဖြတ်ကျော်လာခဲ့ပြီး၊ လွန်ခဲ့တဲ့နှစ်ရက်‌ေလာက်က အမေချန်း သူမအတွက်ဝယ်ပေးတဲ့ ဖုန်းကိုယူလာကာ၊ သူမဒီနေ့ညသွားမယ့်နေရာကို အမှတ်အသား လုပ်ထားလိုက်လေသည်။

"၃၅ကီလိုမီတာ?" ချန်းယုမနေနိုင်ပဲ အံ့အားသင့်မိသွားလေသည်၊ "ငါလာပြန်တဲ့အချိန်ကျရင် အဲ့တာက အာရုဏ်တက်ချိန်ကြီးဖြစ်သွားနိုင်တာပဲ?"

ချန်းယု သူမလမ်းလျှောက်ဖို့ရည်ရွယ်ထားတာကို ပြတ်ပြတ်သားသားပယ်ချလိုက်ပြီး လမ်းဘေးကနေ တက္ကစီ‌ငှားလိုက်လေသည်။ အခုပိုက်ဆံရှာဖို့ နည်းလမ်းသစ်ရှာတွေ့သွားတော့၊ ပိုက်ဆံသုံးဖြုန်းဖို့နည်းလမ်းကလည်း တိုးတက်မှုရှိလာနိုင်လေသည်။

ညမှာကားအနည်းငယ်ရှိတာကြောင့် သွားလာနှုန်းမြန်ဆန်လှလေသည်။ မိနစ်၃၀လောက်အတွင်း၊ တက္ကစီက မြစ်ကမ်းဘေးပန်းခြံရဲ့တံခါး‌ေပါက်ရှေ့ ရပ်သွားလေသည်။ ကားပေါ်ကဆင်းလာပြီးနောက်၊ သဘောကောင်းတဲ့တက္ကစီမောင်းဦးလေးကြီးက ချန်းယု ငယ်ရွယ်တဲ့မိန်းကလေးက ဒီလို‌ေနရာမျိုးကိုတစ်‌ေယာက်ထဲ‌ေရာက်လာတာမြင်တော့၊ ဒီတော့ သူမနေနိုင်ဘဲ သတိပေးလာလေသည်၊ "ကျောင်းသူလေး၊ ဒီနေရာကတော်တော်ဝေးလံခေါင်းပါးတဲ့နေရာပဲ၊ မင်းတကယ်ပဲ ဒီနေရာမှာဆင်းတော့မလို့လား?"

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】Tahanan ng mga kuwento. Tumuklas ngayon