အပိုင်း(၄၂.၁): သူငါ့ကိုကိုယ်ထိလက်ရောက်စော်ကားတာ
ထိုလူကို နောက်ဖေးလမ်းထဲ ချန်းယုရိုက်ချလိုက်ပြီးနောက်၊ သူမလိုက်ရိုက်နှက်ရန်ပြင်နေတာဖြစ်လေတယ်၊ ဒါပေမဲ့ ရန်လိုမှုစွမ်းအင်တစ်သုတ်က သူမကိုတားဆီလာလေတော့သည်။
နောက်ဖေးလမ်းကြားထဲက ရူးသွပ်နေပုံရတဲ့ ရှန်နန်ဆီကနေ လက်လွတ်စပယ်နိုင်တဲ့တိုက်ခိုက်ချက်ကိုမြင်လိုက်တော့၊ နောက်ဖေးလမ်းထဲ ခြေလှမ်းနေတဲ့သူမခြေလှမ်းတွေကို ချန်းယု တိတ်တဆိတ်လေး ပြန်ဆုတ်လိုက်ပြီး လမ်းဘေးတစ်ဖက်မှာထိုင်ချလိုက်ဖို့ ဆုံးဖြတ်ချက်ချလိုက်လေသည်။
ဒီကံမကောင်းတဲ့လူက စိတ်ဝိညာဉ်သန့်စင်တဲ့အစီအရင်ဆွဲတဲ့ ကောင်းကင်ဘုံဆရာပဲဖြစ်ရမယ်၊ သူအနိုင်ယူခံရပြီး ရှန်နန်ရိုက်နှက်နေတာခံနေရတာတောင်မှ၊ တကယ်တမ်း သူ့ကိုယ်သူပိုခန့်မှန်းထားပြီး ရှန်နန်ကိုသန့်စင်ချင်နေခဲ့တာဖြစ်လေသည်။
ဒီလူရဲ့သေဖို့နည်းလမ်းရှာတဲ့အရည်အချင်းက တော်တော်ထူးခြားတာပဲ။
နောက်ဖေးလမ်းထဲ ချန်းယုရဲ့သံလိုက်အိမ်မြှောင်နဲ့ ဒီလူတွန်းထုတ်ခံလိုက်ရတာဖြစ်လေတယ်၊ သူရှုပ်ထွေးနေပြီး မျက်စိလည်နေစဉ်အချိန်အတွင်းမှာ၊ ရှန်နန်ရဲ့ရိုက်နှက်တာကို သူခံလိုက်ရတာဖြစ်လေတယ်။ နောက်ဖေးလမ်းကြားထဲက ရန်လိုတဲ့စွမ်းအင် ပြင်းထန်လာပြီး၊ ထိုလူရဲ့အရှိန်အဝါကို လုံးလုံးဖိနှိပ်လာလေတော့သည်။ သူ့မှာပြန်လည်တိုက်ခိုက်ရန် စွမ်းအားမရှိနေဘူး၊ ဒီတော့ သူဈေးကြီးကြီးပေးဝယ်ထားတဲ့ အဆင့်မြင့်အဆောင်ထုတ်လိုက်ပြီး ရှန်နန်နဲ့ သူ့ကိုယ်သူဝေးသွားအောင် လှုပ်ယမ်းလိုက်ရလေတော့သည်။
ထိုအမျိုးသား ဒီအခွင့်အရေးကိုယူပြီး နောက်ဖေးလမ်းဝင်ပေါက်ဆီ ထပ်မံပြေးလာလိုက်ပြန်လေတယ်။
သူမဆီ ထိုလူပြေးလာတာကို ချန်းယုမြင်လိုက်လေတယ်၊ ဒီတော့ သူမခြေထောက်ကိုမြှောက်ပြီး သူ့ကိုအထဲပြန်ကန်ပေးလိုက်လေသည်။
ဗိုက်ဆာနေတဲ့ကျားတစ်ကောင် သူ့သားကောင်ကို ခုန်အုပ်လိုက်သလို၊ ရှန်နန်သတ်ဖြတ်ဖို့ ချက်ချင်းပြေးလာလိုက်လေသည်။
VOCÊ ESTÁ LENDO
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Romanceမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...