အပိုင်း(၄၇.၂):သူမနဲ့ပတ်သတ်ပြီး ကျွန်တော်ဂရုစိုက်တယ်
“မနေ့ညက အရမ်းအားကောင်းတဲ့အငြိုးကြီးသရဲ ဒီမှာပေါ်လာတာ။” လော့မင်ပြောလိုက်လေသည်။
“သူငယ်ချင်းလေးချန်းတောင် အဲ့တာကို မချေမှုန်းနိုင်ဘူးလား?” ဆရာမော် မျက်မှောင်ကြှုပ်ကာမေးလိုက်လေသည်။
မနေ့ညက ဖြစ်ရပ်ကို ပြန်တွေးတောလိုက်ရင်း၊ လော့မင်ရဲ့မျက်ခုံးတွေ မရည်ရွယ်ဘဲ တွန့်ရှုံ့သွားပြီး၊ သူ့ခေါင်းကို ညင်ညင်သာသာခါယမ်းပြလိုက်လေသည်။
“ဒီတော့… သူငယ်ချင်းလေးချန်းကို ကယ်ပေးဖို့အတွက် ဒီအဆောက်အဦးကနေ မင်းထွက်သွားခဲ့တာပေါ့?” ဆရာမော်မေးလိုက်လေသည်။
“ရှီရှီတစ်ဦးပဲမဟုတ်ဘူး။ ဒီခြံဝန်းထဲမှာ လူတော်တော်များများနေထိုင်နေတယ်၊ ပြီးတော့ အရမ်းအန္တရာယ်များပြီး၊ အားကောင်းတဲ့အငြိုးကြီးသရဲ ဒီနားတစ်ဝိုက်ရှိနေတာကအန္တရာယ်မကင်းနိုင်ဘူး။” လော့မင်ပြောလိုက်လေတယ်၊ “ဒါ့အပြင်၊ အပူချိန်နိမ့်တဲ့အခြေအနေမှာ ကျွန်တော့မကောင်းမှုဝိညာဉ် အိပ်စက်သွားလိမ့်မယ်။ ဒါ့ကြောင့်၊ ကျွန်တော်သာထွက်သွားမယ်ဆိုရင်တောင်မှ၊ မကောင်းမှုစွမ်းအင်အများအပြား ထုတ်လွှတ်နိုင်မှာမဟုတ်လေဘူး။”
“မင်းအားလုံးစဉ်းစားထားတာပဲ၊ တစ်ခုကလွဲပြီးပေါ့…,” ဆရာမော်သတိပေးလိုက်လေတယ်၊ “မင်းကိုယ်မင်းမေ့သွားခဲ့တယ်။”
“…” လော့မင် တိတ်ဆိတ်သွားလေတော့သည်။
“လော့မင်၊ မင်း သူငယ်ချင်းလေးချန်းယုကို ငါထင်ထားတာထက် ပိုဂရုစိုက်နေတာပဲ။” ဆရာမော် ရုတ်တရက်ပြောလာလေသည်။
“ရှီရှီအတွက်ပဲ ကျွန်တော်လုပ်နေတာမဟုတ်ဘူး၊ အားလုံး…”
“အရင်ရှင်းပြဖို့ မလောနေနဲ့ဦး။” လော့မင်ပြောနေတာကို ဆရာမော်ကြားဖြတ်လိုက်ပြီး ပြောလိုက်လေတယ်၊ “သူငယ်ချင်းလေးချန်း ဒီခြံဝန်းကိုမရောက်လာခင်၊ ဒီခြံဝင်းက အရမ်းသန့်ရှင်းနေပြီ။ ခြေဦးတည့်ရာသွားနေတဲ့တစ်ကိုယ်တော်သရဲတောင် မပေါ်လာခဲ့ဘူး။ ခြံဝန်းနေထိုင်သူတွေကို မင်းတကယ်ကောင်းပေးချင်တယ်ဆိုရင်၊ မင်းအဖေကို ဒီအကြောင်း အကြောင်းကြားလိုက်ပြီး မြို့တော်ဝန်ချန်းမိသားစုကို ဒီခြံဝန်းကနေ ရွေ့ခိုင်းလိုက်သင့်တယ်။ ”
YOU ARE READING
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Romanceမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...