အပိုင်း(၁၀):ငြိမ်သက်စေတဲ့စိတ်ဝိညာဉ်အဆောင်
ချန်းယု ကျောင်းစားသောက်ဆိုင်ကို နောက်ဆုံးရောက်လာချိန်၊ ဖန်ဖေဖေနဲ့အခြားသူတွေ သူတို့နေ့လယ်စာကိုယူပြီးပြီဖြစ်လေကာ၊ ထမင်းစားပွဲဝိုင်းမှာထိုင်နေလေတယ်၊ ချန်းယုကိုလာရန် လက်ယပ်ခေါ်လိုက်လေသည်။
“နင်ဘာလို့ သန့်စင်ခန်းကိုအကြာကြီးသွားနေရတာလဲ?” ဖွင့်ပွဲအခမ်းအနားအပြီး၌၊ ချန်းယု လော့မင်နောက်တိတ်တိတ်လေးလိုက်ဖို့ သန့်စင်ခန်းသွားမယ်ဆိုတဲ့ ဆင်ခြေကိုအသုံးပြုခဲ့တာဖြစ်လေသည်။
“အာ? ငါတစ်ရှူးမယူသွားလိုက်ဘူး၊ ဒီတော့ ငါအဆောင်ကိုပြန်သွားယူလိုက်ရတယ်၊၊” ချန်းယု အနည်းငယ်ကိုးရိုးကားယားပြုံးပြလာလိုက်လေသည်။
“နင်ကန်တင်းမှာ သန့်စင်ခန်းအကြောင်း မပြောလို့ရမလား?” ဟန်ယော သူတို့နှစ်ဦးပြောနေတာကို ထပ်ပြီးမအောင့်မခံနိုင်တော့တဲ့အတိုင်း ဝင်နှောက်ယှက်လာလိုက်လေသည်။
“အဲ့တာပဲ၊ စားကြရအောင်၊ စားကြရအောင်။” ဖန်ဖေဖေ ချန်းယုထံ သန့်ရှင်းတဲ့တူတစ်စုံကမ်းပေးလာလိုက်တယ်၊ ထို့နောက်မှာတော့ တစ်ဖက်သူရဲ့မျက်နှာက အနည်းငယ်မကောင်းတာကို သူမရုတ်တရက်ရှာတွေ့သွားလိုက်လေတယ်၊ ဒီတော့ သူမ စိုးရိမ်တကြီးမေးလာလိုက်တယ်၊ “ရှီချီ၊ နင်ကြည့်ရတာ တော်တော်လေးနေမကောင်းနေပုံပဲ၊ နင်တစ်နေရာရာမသက်မသာဖြစ်နေလို့လား?”
ကျန်းမူဝမ်နဲ့ဟန်ယောတို့နှစ်ဦးလုံး နားထောင်နေလိုက်ပြီး ချန်းယု အနည်းငယ်စိတ်ဓာတ်ကျနေတာကို မြင်လိုက်လေတယ်၊ သူမနှုတ်ခမ်းတွေက တော်တော်ကလေးဖျော့တော့နေလေသည်။
“အဆင်ပြေပါတယ်၊ ငါအစောက မြန်မြန်ပြေးမိတာကြောင့်ဖြစ်ရမယ်၊ ငါအချိန်နည်းနည်းလောက်အနားယူလိုက်ရင် ပြန်ကောင်းလာမှာပါ။” ချန်းယု ရှင်းပြလာလိုက်လေသည်။
“ဒီလိုပူပြင်းတဲ့နေ့မှာ နင်ဘာလို့မြန်မြန်ပြေးရတာလဲ? အပူလျှပ်မှာကိုသတိထားဦး အာ။” ကျန်းမူဝမ်ပြောလာလိုက်သည်။
“မဖြစ်နိုင်တာ အာ။” ချန်းယု ဝက်နံရိုးတစ်ဖက်ကို ညှပ်ယူလိုက်ပြီး အဲ့တာကိုနည်းနည်းစီကိုက်ဝါးလိုက်တယ်၊ “စားကြစို့၊ ဒါပြီးရင် ငါတို့ပစ္စည်းတွေဝယ်ဖို့ သွားကြမှာမဟုတ်လား?”
ESTÁS LEYENDO
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Romanceမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...