အပိုင်း(၆၈.၁):အသက်ဇီဝ(တက်ကြွမှု)
ဖင့်ချန်ညတွေက အတော်အေးလှလေတယ်။ ခြံဝန်းထဲကနေ ချန်းယုထွက်လာချိန်၊ သူမချုပ်တည်းလို့မရလောက်အောင် ခိုက်ခိုက်တုန်ယင်နေလေတော့သည်။
လော့ချင်ချောင်က ကိုယ်မတ်မတ်အနေအထားနဲ့ သိပ်မဝေးတဲ့နေရာမှာရပ်ထားတဲ့ ဂျစ်ကားဘေး၌ရပ်နေလေတယ်။ သူ့ဆံပင်တစ်ဝက်ကဖြူနေပြီဆိုပေမဲ့၊ စစ်သားတစ်ဦးရဲ့တမူထူးသောကိုယ်ဟန်အနေအထားကို ထုတ်ဖော်နေသေးလေသည်။
“အေးနေတာလား?” ချန်းယုခိုက်ခိုက်တုန်နေတာကိုမြင်လိုက်တော့၊ သူမကိုခေါ်လာတဲ့အစောင့်အား လော့ချင်ချောင် ချက်ချင်းအမိန့်ပေးလိုက်လေတယ်၊ “ကုတ်အင်္ကျီယူလာခဲ့လိုက်။”
“ဟုတ်ကဲ့။” အမိန့်ကိုလက်ခံပြီးနောက် အစောင့်ထွက်သွားလေသည်။
“မလိုပါဘူး။” ချန်းယု သူ့ကိုမြန်မြန်တားလိုက်လေသည်။
“ညကြီး မင်းကိုအပြင်ခေါ်ထုတ်လာခဲ့တာ၊ ဒီတော့ မင်းအေးခဲသွားလိုက်လို့တော့မဖြစ်ဘူး။” ချန်းယုကိုကြည့်ကာ၊ လော့ချင်ချောင် ခါတိုင်းနဲ့မတူတဲ့ ကြင်နာတဲ့အပြုံးပြုံးလာလိုက်လေသည်။
သူမအေးခဲသွားမှာမဟုတ်ဘူးလို့ ချန်းယုပြောလိုက်ချင်လေသည်။ အပူချိန်ကွာဟချက်က အရမ်းကွာဟနေရုံပါပဲ၊ ဒီတော့ သူမမနေနိုင်ဘဲတုန်ယင်သွားခဲ့တာ။ အမှန်အတိုင်းပြောရရင်၊ သူမမအေးတော့လေဘူး။ ဒါပေမဲ့ အစောင့်ကထွက်သွားခဲ့လေပြီ၊ ဒီတော့ ချန်းယုဒီအတိုင်းလွှတ်ထားလိုက်တော့တယ်။
မကြာမီ၊ စစ်သားက စစ်တပ်ကုတ်အင်္ကျီယူလာခဲ့ပေးလေတယ်။ လော့ချင်ချောင်ကိုယ်တိုင် အဲ့တာကိုယူလိုက်ပြီး ချန်းယုပေါ်တင်ပေးလိုက်လေသည်။
“ကျေးဇူးတင်ပါတယ်၊ အန်ကယ်လော့။” ချန်းယု ရှက်ကြောက်သလိုပြုံးပြလိုက်လေသည်။
ချန်းယုကို လော့ချင်ချောင်မြင်ဖူးတာဟာ ဒါပထမဆုံးအကြိမ်မဟုတ်လေဘူး၊ ဒါပေမဲ့ သူမကိုအနီးကပ်စစ်ဆေးကြည့်ဖူးတာကတော့ ဒါပထမဆုံးပဲ။ မိန်းကလေးရဲ့မျက်နှာက ကလေးဆန်လှလေတယ်။ လော့မင်ပြောသလိုပဲ၊ သူမက,ကလေးပဲရှိသေးလေတယ်။ သရဲဖမ်းတာမှာ သူမဘယ်လောက်ပဲထူးချွန်ပြောင်မြောက်နေပါစေ၊ သူမက အခုလေးတင်မှ ၁၈နှစ်ပြည့်ထားတဲ့ မိန်းကလေးတစ်ဦးဖြစ်လေသည်။ ကြည့်ရတာ အရင်တုန်းက သူအတွေးလွန်ခဲ့ပုံပဲ။ လော့မင် သူမကို ညီမငယ်အနေနဲ့ပဲ သဘောကျတာထင်တယ်။
VOUS LISEZ
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Roman d'amourမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...