အပိုင်း(၉၃.၂)
"ရှီရှီ၊ သမီးလည်းစိတ်စွမ်းအင်ပြိုင်ပွဲမှာဝင်ပြိုင်မယ်မဟုတ်လား?" မဒမ်လုက ချန်းယုကိုမေးလာလိုက်လေတယ်။
"ဟုတ်" ချန်းယုက ခေါင်းညိတ်ပြလာလိုက်လေတယ်။
"ဒါဆို အဲဒီအချိန်ကျရင်၊ မင်းတို့လေးဦးအတူတူလှုပ်ရှားလို့ရတာပေါ့၊၊ ဒီလိုနဲ့၊ မင်းတို့အချင်းချင်းဂရုစိုက်ပေးလို့ရတယ်လေ၊" မဒမ်လုက ညွှန်ကြားလာလေတယ်။
ယန်ချင်းက ထိုသို့မလုပ်ချင်လှလေဘူး၊ ဒါပေမဲ့ မဒမ်လုရှေ့မှာတော့ ဘာမှမပြောရဲလေဘူး၊၊ သို့သော်၊ ဘေးမှာထိုင်နေတဲ့ယန်ဝေက အပြုံးနဲ့ပြောလာလေတယ်၊ "အန်တီလင်း၊ အန်တီမသိလို့။ ကျွန်တောတို့လေးဦးထဲ တာအိုမိတ်ဆွေချန်းက ကျင့်ကြံရေးအဆင့်အမြင့်ဆုံးပဲ၊၊ ကျွန်တော်တို့လေးဦးသာအတူတူဝင်ပြိုင်ကျမယ်ဆိုရင်၊ တာအိုမိတ်ဆွေချန်းကိုဆွဲချမိသွားနိုင်တယ်။"
"အဲဒီလိုလား?" မဒမ်လုက ချန်းယုကို တအံ့တဩကြည့်လာလေတယ်၊ ဒီလိုပိန်ပါးပြီးငယ်ရွယ်တဲ့မိန်းကလေးက ကျင့်ကြံရေးအဆင့်မြင့်နေလိမ့်မယ်လို့ မထင်ထားဘူးဆိုကြောင်း သိသာလှလေတယ်။
"ရှီရှီကျင့်ကြံရေးအဆင့်က တကယ်ပဲကျွန်တော့ထက်မြင့်တယ်၊" လုနင်က ရှင်းပြလာလိုက်လေတယ်၊ "သရဲဘုရင်အကြောင်း ကျွန်တော်ပြောပြဖူးတာကို အမေမှတ်မိသေးလား?"
"အင်း၊၊ ဖင့်ချန်ကိုသွားပြီး အမေ့အတွက် သားမောင့်တိုင်ကျောက်သွားရှာပေးတုန်းက၊ သရဲဈေးမှာ သရဲဘုရင်နဲ့သားတွေ့ခဲ့တာလေ၊" မဒမ်လုက ပြန်စဉ်းစားလိုက်ပြီး ပြောလာလေတယ်။
"ဟုတ်တယ်၊" လုနင်ကရယ်မောလိုက်ပြီး၊ "အဲဒီအချိန်တုန်းက၊ သရဲဘုရင်ကရုတ်တရက်ကြီးပေါ်လာခဲ့တာ။ အဘိုးယန်ကလည်း မရောက်လာနိုင်ခဲ့ဘူးလေ၊ အဲ့တုန်းကသရဲဘုရင်ကို အဝေးခြောက်လှန့်ပေးခဲ့တဲ့သူက ရှီရှီလေ၊"
"အားကောင်းလိုက်တာ၊" ချန်းယုပေါ်ကြည့်တဲ့ မဒမ်လုရဲ့အကြည့်တွေက ပုံစံတစ်မျိုးပြောင်းလဲသွားလေတော့တယ်။
"အိုကေ၊ အိုကေ၊ စားကြရအောင်။ အိုက်ယား၊ ဒီငါးကတကယ်ကိုအရသာကောင်းတာပဲ၊" ချန်းယုက ချီးကျူးမှုကြောင့် ရှက်ကိုးရှက်ကန်းဖြစ်လာပြီး သူမခေါင်းကိုငုံ့ပြီး အသည်းအသန်စားနေလိုက်လေတယ်။
YOU ARE READING
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Romanceမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...